Monday, 5 November 2012

မင်္ဂလာပွဲမှာ ဆွေမျိုးအလယ် ရိုင်းပျတဲ့သတို့သားကိုပစ်ပြီး ပွဲတက်လာတဲ့ လူငယ်ဖြင့်လက်ထပ်ခဲ့သူ


ပြီးခဲ့သည့် စနေနေ့ ညနေပိုင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း Bihar ပြည်နယ်ရဲ့ (၁၂၀)ကီလိုမီတာအကွာရှိ Begusarai အပိုင်းတွင် ဧည့်သည် ရာပေါင်းများစွာ ဖိတ်ကြားထားသည့် မင်္ဂလာဧည့်ခံပွဲတွင် လက်ထပ်အပြီး၌ သတို့သမီး မိဘတွေက သတို့သားအား ဧည့်ခံပွဲအတွက် စီစဉ်ထားသည့်ဝတ်စုံ ဝတ်ဆင်စေရာတွင် သတို့သားက ငြင်းဆန်သောကြောင့် သတို့သား နှင့် သတို့သမီး မိသားစုနှစ်ဘက် အချင်းများကြရာမှ သတို့သမီးက ရိုင်းပျသော သတို့သားအသစ်စက်စက်အား နေရာတွင်ပင် ကွာရှင်းခဲ့ပြီး မင်္ဂလာပွဲသို့ တက်ရောက်ရန်လာသည့် ပိုမိုနူးညံ့ငြင်သာသော အခြားအမျိုးသားတစ်ဦးနှင့်
တက်ရောက်လာသည့် ဧည့်သည်များရှေ့တွင် လက်ထပ်ခဲ့တာဖြစ်ကြောင်း သိရသည်။
သတို့သမီးနှင့် တပြန် လက်ထပ်သည့် ထိုသတို့သားမှာ ဆွေမျိုးမိဘတွေကိုယ်စား ထိုမင်္ဂလာပွဲသို့ တက်ရောက်လာသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

by- .burmesehearts

No comments:

Post a Comment