Friday, 23 November 2012

တောင်ဥက္က လာပ မြို့နယ်၌ မီးလောင်မှု ဖြစ်ပွား

ရန်ကုန် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္က လာပ မြို့နယ် (၁ဝ)ရပ်ကွက်၊ ဥက္ကလာပ စေတီတော် ကြီးအနီး သစ္စာ လမ်း မပေါ်ရှိ စည်းစိမ်ရှင် လက်ဖက်ရည် ဆိုင်တွင် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ် ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ စည်းစိမ်ရှင် လက်ဖက်ရည် ဆိုင်၏ အနောက်ဘက် ခြမ်းရှိ ဂက်(စ်) မီးဖိုမှ  ဂက်(စ်) ပိုက် ပြုတ်ထွက်၍ စ တင် မီးလောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။
အဆိုပါမီးလောင်ရာသို့ ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီး ဌာနမှ ညွှန်ကြား ရေးမှူးဦးကျော် သူရနှင့် တောင် ဥက္က လာပမြို့နယ် မီးသတ် ဦးစီးမှူး ဦးကိုကိုကြီး ဦးဆောင်သော သန္ဓေ မီးသတ်
တပ်ဖွဲ့ဝင် အင်အား ၁၇ဝ ဦး၊ အရန် အင်အား ၆၆ ဦးနှင့် အုပ်ချုပ်မှု ယာဉ် ငါးစီး၊ မီးငြှိမ်း သတ်ယာဉ် ၂၂ စီးနှင့် အထောက် အကူပြု ယာဉ်နှစ်စီးတို့ အချိန်မီ ရောက်ရှိ၍ မီးငြှိမ်း သတ်ခဲ့ရာ ညနေ ၅ နာရီ ၄၂ မိနစ် ခန့်တွင် မီးငြိမ်း သွားခဲ့သည်။ မီးမှာ မီးဖို ခန်း သာ လောင်ကျွမ်းပြီး အခြားသို့ ကူးစက် လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။
ဆုံးရှုံးမှု တန်ဖိုးမှာ အဆောက် အအုံ ကျပ်သုံးသိန်းခန့်၊ ဆိုင်တွင်း ပစ္စည်း ကျပ်နှစ်သိန်းနှင့် စုစုပေါင်း ကျပ်ငါးသိန်းဖိုး ဆုံးရှုံး ခဲ့သည်။ မီးလောင်မှုနှင့် ပတ်သက်၍ ဆိုင်မန်နေဂျာ ဦးဝင်းသူစိုး (ခ)ဦးစိုး ထွန်းအား ပ/ ၇၂၅/ ၁၂ ပြစ်မှု ဆိုင် ရာ ဥပဒေ ပုဒ်မ (၂၈၅) အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment