Monday, 28 January 2013

လားရှိုး-မန္တလေး အမှတ်(၁၃၂)အစုန်ရထားပေါ်မှ ဘိန်းဖြူဆပ်ပြာခွက်(၂၂)ခွက် ဖမ်းဆီးရမိ


၁၇-၁-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် အမှတ်(၃)ရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် လားရှိုးမူးယစ် (အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ လားရှိုးဘူတာ၊ အမှတ်(၁) စင်္ကြန်တွင် တွဲဆိုင်းထိုးထားသော လားရှိုးမှ မန္တလေးသို့ထွက်ခွာမည့် အမှတ်(၁၃၂)အစုန်ရထား ရိုးရိုးတန်းတွဲ(၂)၊ ခုံအမှတ် (၅၂)တွင် စီးနင်းလိုက်ပါမည့် ခရီးသည် သိန်းနီမြို့နယ်၊ နမ့်စလပ်ကျေးရွာနေ မလီမလေး(၃၈)နှစ်၏ ခြေထောက်ရှေ့၌ချထားသော ၎င်းယူဆောင်လာသည့် အစိမ်းရောင်ဆာလာအိတ်အား ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ အိတ်အတွင်းထည့်ထားသည့် ခေါင်းအုံး(၂)လုံးအတွင်းရှိ မှို့များအတွင်း သိုဝှက်သယ်ဆောင်လာသော ရောင်စုံပလပ်စတစ်ဆပ်ပြာခွက်များဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသည့် အဖြူမှုန့်များပါ တစ်ခွက်လျှင်(၁၇)ဂရမ်ခန့် ဆပ်ပြာခွက်(၂၂)ခွက်၊ စုစုပေါင်းအလေးချိန် ၃၇၄ ဂရမ်ခန့်၊ တန်ဘိုးငွေကျပ်(၇၁)သိန်းဖိုးအား သိမ်းဆည်းရမိခဲ့သဖြင့် မလီမလေးအား လားရှိုးအမှတ်(၂)ရဲစခန်း မယ(ပ)၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment