Monday, 28 January 2013

ရှေ့တန်းရောက် တပ်မတော်သားများအား ဦးတေဇ ကုမ္ပဏီတွေရဲ့ အလှူ


မြန်မာအစိုးရ စစ်တပ်
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ ရှေ့တန်းရောက် တပ်မတော်သားတွေ အတွက် ဂုဏ်ပြုအလှူငွေ ကျပ်သိန်းပေါင်း ၇၀၀ အား  သူဌေးကြီး ဦးတေဇရဲ့ AGD Bank နှင့် Air Bagan တို့ကပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အလှူငွေ ပေးလှူပွဲကိုတော့ ယမန်နေ့ ဇန်န၀ါရီလ ၂၇ ရက်က နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ဘုရင့်နောင်ရိပ်သာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း  AGB ဘဏ် ဖေ့စ်ဘုတ်စာမျက်နှာ တွင် ဖော်ပြထားပါတယ်။ 


ဒီအပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့လည်း AGD Bank နှင့် Air Bagan မှ အလှူငွေ ကျပ်သိန်း ၁၀၀ ကိုပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။









by-.irrawaddy.

No comments:

Post a Comment