Tuesday, 29 January 2013

ရိန်းဂျားကား လမ်းဖြတ်ကူးသူ နှစ်ဦးအားတိုက်မိ


ယနေ့ နံနက် ၁၀ နာရီခွဲခန့်က လှိုင်မြို့ နယ် သံလမ်းထိပ်၌ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ရိန်းဂျား ကား(အစိမ်းရောင်)ဘရိတ်ပေါက်ကာ လမ်းဖြတ်ကူးသူ သားအဖနှစ်ဦးအား တိုက်မိ၍ ဖခင်ဖြစ်သူ မှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။


သေဆုံးခဲ့သူ မှာ အသက် ၆၅နှစ်ရှိ ဦးအုန်းမောင် ဖြစ်ပြီး၊ သမီးဖြစ်သူ အသက် ၄၀ခန့်ရှိ မနွယ်ဦးမှာ ညာခြေကျိုးသွားခဲ့၍ ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သုတလင်း
Popular Myanmar News Journal

No comments:

Post a Comment