Sunday, 10 February 2013

မွေးကင်းစ အလေးချိန် တစ်ပေါင်သာရှိသည့် ကလေးငယ်


Photo: မွေးကင်းစ အလေးချိန် တစ်ပေါင်သာရှိသည့် ကလေးငယ်

မွေးကင်းစ ခန္ဓာကိုယ် အလေးချိန် တစ်ပေါင်သာရှိတဲ့ ကလေးငယ်ဟာ သူမရဲ့ မိခင်ကိုယ်ဝန် ၁၇ပတ်မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ခုနှစ် ဇူလိုင်လ ၈ရက်နေ့က အသက် ၂၃နှစ်အရွယ် ဗြိတိန်နိုင်ငံသူ ကေစီဆိုတဲ့ ကလေးသုံးယောက် မိခင်ဟာ ကုန်တိုက်တစ်ခုမှာ အချိုရည်ဝယ်စဉ်အတွင်း စတုတ္ထ ကိုယ်ဝန်ရဲ့ ရေမြွှာပေါက်ခဲ့တာကြောင့် နီးစပ်ရာ ချယ်လ်စီးဆေးရုံကို သွားပြီး ကလေးမွေးဖွားခဲ့ရတယ်လို့ သိရပါတယ်။ သူမ ဗိုက်ထဲက သန္ဓေသားဟာ အောက်ဆီဂျင် ပြတ်လပ်နေတဲ့ လက္ခဏာကို ဆရာဝန်တွေက တွေ့ရှိတာကြောင့် အရေးပေါ်ခွဲစိတ်မှု ခံယူပြီး ကလေးငယ်ရဲ့ အသက်ကို ကယ်တင်ခဲ့ရပါတယ်။ မွေးဖွားစဉ်အခါမှာ အလေးချိန် တစ်ပေါင်သာရှိတဲ့အတွက် သူမဖခင်ရဲ့ လက်ဖ၀ါးတစ်ဆုပ်စာ အရွယ်သာရှိတယ်လို့ ဆိုပါတယ်။ သူမ မွေးဖွားစဉ်အခါက နာတာရှည် အဆုတ်ရောဂါကို ခံစားခဲ့ရပြီး ဦးနှောက်တွင်း သွေးယိုစီးမှု ဖြစ်တာကြောင့် ဆေးရုံမှာ လပေါင်းများစွာ နေခဲ့ရပြီးမှ ၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းကမှ ဆေးရုံမှ ဆင်းခွင့်ရရှိသွားပါတယ်။ ဂင်းနက်စ်စံချိန် မှတ်တမ်းအရ ၉ဒသမ၁၇ အောင်စသာရှိတဲ့ ကိုယ်အလေးချိန်အပေါ့ဆုံး မွေးကင်းစကလေးငယ် Rumaisa Rahmenကို ၂၀၀၄ခုနှစ်က အမေရိကန်နိုင်ငံ ချီကာဂိုမြို့က ဆေးရုံတစ်ရုံမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

 ပြည်မြန်မာမွေးကင်းစ ခန္ဓာကိုယ် အလေးချိန် တစ်ပေါင်သာရှိတဲ့ ကလေးငယ်ဟာ သူမရဲ့ မိခင်ကိုယ်ဝန် ၁၇ပတ်မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ခုနှစ် ဇူလိုင်လ ၈ရက်နေ့က အသက် ၂၃နှစ်အရွယ် ဗြိတိန်နိုင်ငံသူ ကေစီဆိုတဲ့ ကလေးသုံးယောက် မိခင်ဟာ ကုန်တိုက်တစ်ခုမှာ အချိုရည်ဝယ်စဉ်အတွင်း စတုတ္ထ ကိုယ်ဝန်ရဲ့ ရေမြွှာပေါက်ခဲ့တာကြောင့် နီးစပ်ရာ ချယ်လ်စီးဆေးရုံကို သွားပြီး ကလေးမွေးဖွားခဲ့ရတယ်လို့ သိရပါတယ်။ သူမ ဗိုက်ထဲက သန္ဓေသားဟာ အောက်ဆီဂျင် ပြတ်လပ်နေတဲ့ လက္ခဏာကို ဆရာဝန်တွေက တွေ့ရှိတာကြောင့် အရေးပေါ်ခွဲစိတ်မှု ခံယူပြီး ကလေးငယ်ရဲ့ အသက်ကို ကယ်တင်ခဲ့ရပါတယ်။ မွေးဖွားစဉ်အခါမှာ အလေးချိန် တစ်ပေါင်သာရှိတဲ့အတွက် သူမဖခင်ရဲ့ လက်ဖ၀ါးတစ်ဆုပ်စာ အရွယ်သာရှိတယ်လို့ ဆိုပါတယ်။ သူမ မွေးဖွားစဉ်အခါက နာတာရှည် အဆုတ်ရောဂါကို ခံစားခဲ့ရပြီး ဦးနှောက်တွင်း သွေးယိုစီးမှု ဖြစ်တာကြောင့် ဆေးရုံမှာ လပေါင်းများစွာ နေခဲ့ရပြီးမှ ၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းကမှ ဆေးရုံမှ ဆင်းခွင့်ရရှိသွားပါတယ်။ ဂင်းနက်စ်စံချိန် မှတ်တမ်းအရ ၉ဒသမ၁၇ အောင်စသာရှိတဲ့ ကိုယ်အလေးချိန်အပေါ့ဆုံး မွေးကင်းစကလေးငယ် Rumaisa Rahmenကို ၂၀၀၄ခုနှစ်က အမေရိကန်နိုင်ငံ ချီကာဂိုမြို့က ဆေးရုံတစ်ရုံမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

ပြည်မြန်မာ

No comments:

Post a Comment