Thursday, 21 February 2013

မုံရွာမြို့နယ် ကိုင်းတောရွာ၌ ဇီးကွက်မျိုးနွယ်ဝင်ဆောင်းခိုငှက်တစ်ကောင်တွေ့ရှိ


Photo: မုံရွာမြို့နယ် ကိုင်းတောရွာ၌ ဇီးကွက်မျိုးနွယ်ဝင်ဆောင်းခိုငှက်တစ်ကောင်တွေ့ရှိ

နှစ်စဉ်ဆောင်းရာသီတစ်လျှောက် တစ်ချိန်မဟုတ် တစ်ချိန်တွင် ဒေသအနှံ့အပြားသို့ ဆောင်းခိုငှက်များ ဖြန့်ကြက်ပျံသန်းသွားလာကြရာ မုံရွာမြို့ဝန်းကျင် မြို့ပေါ်နှင့် တောနယ်များတွင်ပါ ဆောင်းခိုငှက် အကောင်ကြီးမျိုးများကို နှစ်စဉ် တစ်ကောင်တည်း (သို့မဟုတ်) အုပ်စု လိုက် တွေ့ရတတ်သည်။ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က မုံရွာမြို့နယ် ကိုင်းတောကျေးရွာ၌ ဒေသငှက်မျိုးတွင် မပါဝင်သည့် ဇီးကွက် မျိုးနွယ်ဝင် ဆောင်းခိုငှက်တစ်ကောင်ကို တွေ့ရှိခဲ့သည်။အဆိုပါ ဇီးကွက်ကြီး သည် ဦးခေါင်းမှအမြီးအထိ ၁၃ လက်မ၊ အမြီးအကျယ်မှာ ရှစ်လက်မ၊ အတောင်တစ်ဖက်လျှင် ၁၄ လက်မစီရှိပြီး ဦးခေါင်းမှာနှစ်လက်မ ပတ်လည်၊ ဦးခေါင်းမှ ခြေထောက်အထိ အမြင့် ငါး လက်မ၊အရောင်မှာ အဝါနှင့် အနက်စပ်ကျား၊ အမြီးမှာ ဒေါင်းမြီးကွက်ဖြစ်ပြီးဦးခေါင်းမှာ ဦးချို့ပုံသဏ္ဌာန် အမောက် နှစ်ခုပါဝင်ကြောင်း သိရသည်။ အဆိုပါဇီးကွက်ကြီးကို သက်ဆိုင်ရာ တိ/မွေးကု တာဝန်ရှိ သူများထံ ဒေသခံများကအပ်နှံခဲ့ကြကြောင်း သိရသည်။ မျိုးဝင်းထွန်း (မုံရွာ)

 The Mirror Dailyနှစ်စဉ်ဆောင်းရာသီတစ်လျှောက် တစ်ချိန်မဟုတ် တစ်ချိန်တွင် ဒေသအနှံ့အပြားသို့ ဆောင်းခိုငှက်များ ဖြန့်ကြက်ပျံသန်းသွားလာကြရာ မုံရွာမြို့ဝန်းကျင် မြို့ပေါ်နှင့် တောနယ်များတွင်ပါ ဆောင်းခိုငှက် အကောင်ကြီးမျိုးများကို နှစ်စဉ် တစ်ကောင်တည်း (သို့မဟုတ်) အုပ်စု လိုက် တွေ့ရတတ်သည်။ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က မုံရွာမြို့နယ် ကိုင်းတောကျေးရွာ၌ ဒေသငှက်မျိုးတွင် မပါဝင်သည့် ဇီးကွက် မျိုးနွယ်ဝင် ဆောင်းခိုငှက်တစ်ကောင်ကို တွေ့ရှိခဲ့သည်။အဆိုပါ ဇီးကွက်ကြီး သည် ဦးခေါင်းမှအမြီးအထိ ၁၃ လက်မ၊ အမြီးအကျယ်မှာ ရှစ်လက်မ၊ အတောင်တစ်ဖက်လျှင် ၁၄ လက်မစီရှိပြီး ဦးခေါင်းမှာနှစ်လက်မ ပတ်လည်၊ ဦးခေါင်းမှ ခြေထောက်အထိ အမြင့် ငါး လက်မ၊အရောင်မှာ အဝါနှင့် အနက်စပ်ကျား၊ အမြီးမှာ ဒေါင်းမြီးကွက်ဖြစ်ပြီးဦးခေါင်းမှာ ဦးချို့ပုံသဏ္ဌာန် အမောက် နှစ်ခုပါဝင်ကြောင်း သိရသည်။ အဆိုပါဇီးကွက်ကြီးကို သက်ဆိုင်ရာ တိ/မွေးကု တာဝန်ရှိ သူများထံ ဒေသခံများကအပ်နှံခဲ့ကြကြောင်း သိရသည်။ မျိုးဝင်းထွန်း (မုံရွာ)

The Mirror Daily

No comments:

Post a Comment