မိစု လို့ခေါ်မှ သဘောကျကြောင်း မွန်အမျိုးသားနေ့၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ဒေါ်အောင်ဆန်းစုကြည်၏အဘွားဖြစ်သူမှာ
မွန်မျိုးဆက်မှ ဆင်းသက်လာသဖြင့် ၄င်းအနေဖြင့် မွန်သွေးပါသည်ဟု
ယုံကြည်ကြောင်း၊ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှာ မိစုဟု မခေါ်ပါက ၄င်းအနေနှင့်
သဘောမကျကြောင်း ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်၌ ကျင်းပခဲ့သော (၆၆) ကြိမ်မြောက်
မွန်အမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
“ကျွန်မက
မွန်တွေနဲ့တော့ နည်းနည်းအမျိုးဆက်လို့ ရတယ်လို့ ပြောပါရစေ။ ကျွန်မအမေဘက်က
အဘွားက စနူသနော့ ဆိုတဲ့ရွာကလာတဲ့အတွက် မွန်မျိုးဆက်ကနေဆင်းသက်တယ်လို့
ကျွန်မ ယုံကြည်ပါတယ်။ သမီး မိန်းကလေးတွေဆိုရင် မိ တပ်ပြီးတော့ ခေါ်ပါတယ်။
အိမ်မှာအမေက ကျွန်မကို မိစုလို့ ခေါ်ပါတယ်။ ဒီလို မခေါ်ရင်
ကျွန်မစိတ်ဆိုးနေသလိုပဲဆိုတာ ကျွန်မသိတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်မှ
ပြောကြားခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment