Wednesday, 27 February 2013

iPad သုံးပြီး ထိန်းချုပ် သွားနိုင်မည့် မောင်းသူမဲ့ကား

ယာဉ်မောင်းအကူ အညီမလိုဘဲ အလိုအလျောက် မောင်းနှင်နိုင်သည် စက်ရုပ် ကားကို iPad ဖြင့် ထိန်း ချုပ်နိုင်ရန်
အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသီများ က ထုတ်လုပ်နိုင် ခဲ့ပြီဖြစ်သည်။ အဆိုပါ ကားတွင် သုံးဖက်မြင် မြေပုံများနှင့် ကမ္ဘာ့တည်နေရာကို အလို အလျောက် ဖော်ပြနိုင်သော ဂျီပီအက်စ်စနစ်များကို အသုံးပြုထားပြီး အောက်စပို့မှ သုတေသီများက နစ်ဆန်း အီလက်ထရွန်းနစ် ကားနှင့် တူသော စက်ရုပ် ကားကို တီထွင်ထားပြီး ကားထဲတွင် အာရုံခံကိရိ ယာများ တပ်ဆင်ထားသည်။

ကားထဲတွင် တပ်ဆင် ထားသော ကင်မရာများကို ကွန်ပျူတာများဖြင့် ချိတ်ဆက်ထား သောကြောင့် အတားအဆီများကို လိုသလိုရှောင်ကွင်း သွားနိုင်သည်။ ထို့ပြင် ယင်းကားတွင် တပ်ဆင် ထား သည့် လေဆာရောင်ခြည် အာရုံခံ ကိရိယာများကလည်း အာရုံခံနိုင်စွမ်းကို ၁၃ ဆမျှ ပိုမိုကောင်းမွန်စေသည်။ ယင်းကားကို ဂြိုလ်တု အချက်ပြ စနစ်များပါ ချိတ်ဆက် ထားသောကြောင့် အဆို ပါ မောင်းသူမဲ့ ကားသည် ယာဉ်ကြော ကျပ်သည့် ကားများကို အလို အလျောက် ရှောင်ရှား သွားနိုင်သည်။
From : Yoyarlay

No comments:

Post a Comment