Monday, 25 March 2013

၁၂၄ အထူး ယာဉ်အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ယာဉ်များကိုဝင်တိုက်



ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် မြောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ အမှတ် ၁၂၄ အထူး ယာဉ်သည် ရန်ကုန်မြို့ ပြည်လမ်း နှင့်မင်းရဲကျော်စွာ လမ်းထောင့် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်ကြော ညာဘက် အခြမ်းရှိယာဉ်ရောင်းဝယ်ရေး စခန်း အုတ်နံရံ ကို အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့ မှု ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။



ယင်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့်ယာဉ်ရောင်းဝယ်ရေးစခန်းအပြင် ဘက် ရှိ ရပ်နားထားသည့် Probox အမျိုး အစား မော်တော်ယာဉ် ၁ စီးကြေမွ ပျက်စီးခဲ့ပြီး အခြားယာဉ် ၄ စီးကိုလည်း ထိခိုက်မှုများဖြစ်ပေါ်
ခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment