Tuesday, 12 March 2013

ရိုးရှင်းသော စားသောက်ဖွယ်ရာ တစ်မျိုးကို အရောင်ခြယ်ထားသော စားသောက်ဖွယ် အဖြစ်သို့ ပြောင်း လဲနိုင်သည့် ကမ္ဘာ့ ပထမဆုံး စားသုံးရန် သင့်လျော်သော ဆေးမှုန့်

Photo: ရိုးရှင်းသော စားသောက်ဖွယ်ရာ တစ်မျိုးကို အရောင်ခြယ်ထားသော စားသောက်ဖွယ် အဖြစ်သို့ ပြောင်း လဲနိုင်သည့် ကမ္ဘာ့ ပထမဆုံး 
စားသုံးရန် သင့်လျော်သော ဆေးမှုန့် 

မိမိတို့ ကြိုက်နှစ် သက်ရာ စားသောက် ဖွယ်ရာ များကို ကမ္ဘာ့ ပထမဆုံး စားသုံးရန် သင့်လျော်သော ဆေးမှုန့်များ ပက်ဖျန်းခြင်း အားဖြင့် အရောင်တင် ဆေးခြယ်၍ စားသောက် နိုင်ကြပြီ ဖြစ် သည်။ 
စားသုံးရန် သင့်လျော်သော ဆေးမှုန့်ဘူး များကို "Food Finish" ဟု အမည် ပေးထားပြီး ရွှေရောင်၊ ငွေရောင်၊ အနီ ရောင်နှင့် အပြာရောင်ဟူ၍ အရောင်လေးမျိုး ထုတ်လုပ် ထားသည်ဟု သိရသည်။ 

ထိုဆေးမှုန့်များသည် အနံ့ အရသာ မရှိသော် လည်း ရိုးရှင်းသော စားသောက်ဖွယ်ရာ အဖြစ်သို့ ပြောင်းလဲ ပုံဖော်ရာတွင် ၎င်း ဆေးမှုန့်များကို အသုံး ပြုနိုင်သည်။ 

စားသောက်ဖွယ်ရာများကို မိမိတို့ ကြိုက်နှစ်ရာ ဆေးရောင်ခြယ်၍ ပုံဖော် ရာတွင် ဆေးမှုန့်များကို တစ်ထပ်ပြီး တစ်ထပ် ပက်ဖျန်းရမည် ဖြစ်ပြီး
ဆေးများ ခြောက်သွားသည် အထိ စောင့်ဆိုင်းရမည် ဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့ ထူးခြားသော စိတ်ကူးကို ဂျာမနီနိုင်ငံမှ "The Deli Garge" အမည်ရှိ အစားအစာ ထုတ်လုပ်သည့် ကုမ္ပဏီက တီထွင် ဖန်တီးခဲ့ပြီး
ဆေးမှုန့် တစ်ဗူးလျှင် စတာလင်ပေါင် ၂၁ ဒသမ ၅၀ ဖြင့် အွန်လိုင်းမှ တစ်ဆင့် ရောင်းချမည်ဖြစ်သည်ဟု သိရသည်။

ထုတ်လုပ်သူနှင့် စားသုံးသူ နှစ်ဦးစလုံး အတွက် ပျော်ရွှင်မှုကို ဖြစ်စေမည့် စားသောက် ဖွယ်ရာများ တီထွင် ထုတ်လုပ်ခြင်းကို အလွန်ပင်
နှစ်သက်ကြောင်း ၎င်း ကုမ္ပဏီမှ အသက် ၂၉ နှစ် အရွယ်ရှိ စီမံကိန်း မန်နေဂျာ ကယာ-လိုင်း နော့စ်တ်က ပြောကြားခဲ့သည်။ 

"The Deli Garge" ကုမ္ပဏီသည် စားသောက်ရန် အမည်သစ် ရာပေါင်းများစွာကို ထုတ်လုပ်ခဲ့ပြီး ၎င်းတို့အနက် စားသောက်ကုန် အနည်းငယ် ကိုသာလျှင် ဆေးရောင် ခြယ် ဖန်တီး၍ ဈေးကွက်သို့ 
တင်သွင်း ခဲ့သည်ဟု သိရသည်။ ။

အာကြီးမိမိတို့ ကြိုက်နှစ် သက်ရာ စားသောက် ဖွယ်ရာ များကို ကမ္ဘာ့ ပထမဆုံး စားသုံးရန် သင့်လျော်သော ဆေးမှုန့်များ ပက်ဖျန်းခြင်း အားဖြင့် အရောင်တင် ဆေးခြယ်၍ စားသောက် နိုင်ကြပြီ ဖြစ် သည်။
စားသုံးရန် သင့်လျော်သော ဆေးမှုန့်ဘူး များကို "Food Finish" ဟု အမည် ပေးထားပြီး ရွှေရောင်၊ ငွေရောင်၊ အနီ ရောင်နှင့် အပြာရောင်ဟူ၍ အရောင်လေးမျိုး ထုတ်လုပ် ထားသည်ဟု သိရသည်။

ထိုဆေးမှုန့်များသည် အနံ့ အရသာ မရှိသော် လည်း ရိုးရှင်းသော စားသောက်ဖွယ်ရာ အဖြစ်သို့ ပြောင်းလဲ ပုံဖော်ရာတွင် ၎င်း ဆေးမှုန့်များကို အသုံး ပြုနိုင်သည်။

စားသောက်ဖွယ်ရာများကို မိမိတို့ ကြိုက်နှစ်ရာ ဆေးရောင်ခြယ်၍ ပုံဖော် ရာတွင် ဆေးမှုန့်များကို တစ်ထပ်ပြီး တစ်ထပ် ပက်ဖျန်းရမည် ဖြစ်ပြီး
ဆေးများ ခြောက်သွားသည် အထိ စောင့်ဆိုင်းရမည် ဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့ ထူးခြားသော စိတ်ကူးကို ဂျာမနီနိုင်ငံမှ "The Deli Garge" အမည်ရှိ အစားအစာ ထုတ်လုပ်သည့် ကုမ္ပဏီက တီထွင် ဖန်တီးခဲ့ပြီး
ဆေးမှုန့် တစ်ဗူးလျှင် စတာလင်ပေါင် ၂၁ ဒသမ ၅၀ ဖြင့် အွန်လိုင်းမှ တစ်ဆင့် ရောင်းချမည်ဖြစ်သည်ဟု သိရသည်။

ထုတ်လုပ်သူနှင့် စားသုံးသူ နှစ်ဦးစလုံး အတွက် ပျော်ရွှင်မှုကို ဖြစ်စေမည့် စားသောက် ဖွယ်ရာများ တီထွင် ထုတ်လုပ်ခြင်းကို အလွန်ပင်
နှစ်သက်ကြောင်း ၎င်း ကုမ္ပဏီမှ အသက် ၂၉ နှစ် အရွယ်ရှိ စီမံကိန်း မန်နေဂျာ ကယာ-လိုင်း နော့စ်တ်က ပြောကြားခဲ့သည်။

"The Deli Garge" ကုမ္ပဏီသည် စားသောက်ရန် အမည်သစ် ရာပေါင်းများစွာကို ထုတ်လုပ်ခဲ့ပြီး ၎င်းတို့အနက် စားသောက်ကုန် အနည်းငယ် ကိုသာလျှင် ဆေးရောင် ခြယ် ဖန်တီး၍ ဈေးကွက်သို့
တင်သွင်း ခဲ့သည်ဟု သိရသည်။ ။

အာကြီး

No comments:

Post a Comment