Monday, 11 March 2013

အိန္ဒိယမှ အုပ်စုဖွဲ့မုဒိမ်းကျင့်မှု တရားခံတစ်ဦး သေကြောင်းကြံစည်သွား

Photo: အိန္ဒိယမှ အုပ်စုဖွဲ့မုဒိမ်းကျင့်မှု တရားခံတစ်ဦး သေကြောင်းကြံစည်သွား
Monday, March 11, 2013

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ် တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု သံသယ တရားခံများအနက် အဓိက အကျဆုံး စွပ်စွဲခံရသူမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံသွားပြီဟု သိရှိရသည်။ အသက်(၂၃)နှစ်အရွယ် ဆေးကျောင်းသူ မိန်းကလေးကို လူ(၆)ဦးမျှ စုပေါင်းကာ မောင်းနှင်နေသည့် ဘတ်စ်ကား တစ်စင်းပေါ်တွင် မုဒိမ်းကျင့်ခဲ့ပြီးနောက် ဝိုင်းဝန်းရိုက်နှက် နှိပ်စက်ကာ ကားပေါ်မှ 
ပစ်ချမှုတစ်ခု ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ မြို့တော်တွင် ပေါ်ပေါက်ခဲ့သည့် အဆိုပါ လူမဆန်သော လုပ်ရပ်အပေါ် တစ်ကမ္ဘာလုံးက အာရုံစိုက်မိလာသည့်နောက် အိန္ဒိယ ရဲတပ်ဖွဲ့သည် မသင်္ကာသည့် တရားခံများကို ဖမ်းဆီးထားခဲ့သည်။ မိန်းကလေးမှာဒဏ်ရာများ ပြင်းထန်လွန်းသည့်အတွက် သေဆုံး
သွားပြီးနောက် ယင်းအမှုသည် မုဒိမ်းမှုအပြင် လူသတ်မှု အနေဖြင့်ပါ
ပြစ်မှုမြောက်လာသည်။

Planet Myanmar Networkအိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ် တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု သံသယ တရားခံများအနက် အဓိက အကျဆုံး စွပ်စွဲခံရသူမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံသွားပြီဟု သိရှိရသည်။ အသက်(၂၃)နှစ်အရွယ် ဆေးကျောင်းသူ မိန်းကလေးကို လူ(၆)ဦးမျှ စုပေါင်းကာ မောင်းနှင်နေသည့် ဘတ်စ်ကား တစ်စင်းပေါ်တွင် မုဒိမ်းကျင့်ခဲ့ပြီးနောက် ဝိုင်းဝန်းရိုက်နှက် နှိပ်စက်ကာ ကားပေါ်မှ
ပစ်ချမှုတစ်ခု ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ မြို့တော်တွင် ပေါ်ပေါက်ခဲ့သည့် အဆိုပါ လူမဆန်သော လုပ်ရပ်အပေါ် တစ်ကမ္ဘာလုံးက အာရုံစိုက်မိလာသည့်နောက် အိန္ဒိယ ရဲတပ်ဖွဲ့သည် မသင်္ကာသည့် တရားခံများကို ဖမ်းဆီးထားခဲ့သည်။ မိန်းကလေးမှာဒဏ်ရာများ ပြင်းထန်လွန်းသည့်အတွက် သေဆုံး
သွားပြီးနောက် ယင်းအမှုသည် မုဒိမ်းမှုအပြင် လူသတ်မှု အနေဖြင့်ပါ
ပြစ်မှုမြောက်လာသည်။

Planet Myanmar Network

No comments:

Post a Comment