Friday, 22 March 2013

ရည်းစား၏ငယ်ပါကိုဖြတ် ရေအိမ်ထဲပစ်ချခဲ့သူ

ရည်းစားဖြစ်သူနှင့် စကားများကြပြီးနောက် သင်ခန်းစာပေးလိုသောကြောင့် အိပ်ပျော်နေချိန်တွင် ငယ်ပါကိုဖြတ်ကာ ရေအိမ်ထဲချပစ်ခဲ့သော မှုခင်းတစ်ခု အမေရိကန်ပြည်ထောင်စုတွင်ဖြစ်ပွားခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ဂျူလီယာ မူနော့ဇ်ဆိုသူသည် ၄င်း၏ရည်းစား
ဖြစ်သူ အသက် ၄၆ နှစ်အရွယ်ရှိ ရေမွန် အေးရိစ် ဆိုသူနှင့် စိတ်ဆိုးကာ စကားများ ရန်ဖြစ်ခဲ့ကြကြောင်း အိမ်နီးချင်း ဘရီနာ လီမာကရဲတပ်ဖွဲ့ဝင်
များသို့ ပြောပြခဲ့သည်။

ဂျူလီယာတို့နေထိုင်သည့်အိမ်ထဲတွင် အော်သံများကြားရသောကြောင့်..

လုံခြုံရေးအဖွဲ့ဝင်များနှင့် အိမ်နီးချင်းများ သွားကြည့်ရာတွင် အေးရိစ်နှင့် ဂျူလီယာတို့၏ သွေးလွှမ်းသော အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ကြရသည်။ ဂျူလီယာသည် လက်ထဲတွင် မီးဖိုချောင်သုံး ဓားတစ်လက်ကိုကိုင်ထားပြီး ရဲများက ဖြောင့်ဖျကာ ထိန်းသိမ်းသွားရသည်။

အေးရိစ် ကိုမူ ဆေးရုံသို့ပို့လိုက်ရပြီး အရေးပေါ်ခန်းတွင် အတွင်းလူနာအဖြစ်
စောင့်ရှောက်ထားရသည်။ မည်သည့်အကြောင်းကြောင့် ဤမျှစိတ်နာပြီး လုပ်ဆောင်ခဲ့ရကြောင်းကို ယခုအထိ သတင်းမရရှိသေးပေ။ ဂျူလီယာကို စိတ်ကျန်းမာရေးအတွက် ရက်ပေါင်းများစွာ ကုသရန်လိုအပ်ကြောင်း၊ ယခုကျူးလွန်ခဲ့သည့် ကိစ္စ နှင့်ပတ်သက်ပြီး ဂျူလီယာသည် နှစ်ပေါင်းများစွာ
ထောင်ဒဏ်ကျခံရဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းမီဒီယာသို့ ပြောကြား
ခဲ့သည်။


မောက္ခ

No comments:

Post a Comment