Thursday, 21 March 2013

ကာမိုင်း ရဲစခန်းအား တိုက်ခိုက်ခဲ့သူအား KIA မှ ပြင်းထန်စွာ အရေး ယူတော့မည်



လိုင်ဇာရှိ KIA ဌာနချုပ်အနေဖြင့် KIAတပ်ရင်း(၆)မှတပ်ရင်းမှူး အင်ခွန်ဇော်ဒွဲအား ကာမိုင်းရဲတပ်ဖွဲ့ စခန်း ငယ် လေးအား အင်အား သုံးဝင်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရေးယူရန်စီစဉ်နေပါသည်။

အင်ခွန်ဇော်ဒွဲအား KIA ဗဟိုမှ တပ်မတော်စစ်ကြောင်းများအား တိုက်ခိုက် ရန်သာ အမိန့်ပေးထားခြင်းဖြစ်ပြီး ကာမိုင်း ရဲစခန်းအား တိုက်ခိုက် ရန် အမိန့်ပေးထားခြင်းမရှိကြောင်း လိုင်ဇာဌာနချုပ် မှ ဖြေရှင်း ချက် ထုတ်ပြန် ထားသည်။ အင်ခွန်ဇော်ဒွဲ အနေဖြင့် ခိုင်းတာ တစ်ခြား၊ လုပ်ဆောင် တာ တစ်ခြား ဖြစ်နေသည့် အ တွက် လိုင်ဇာဌာနချုပ်သို့ ခေါ်ဆောင်ထား ခဲ့သည်။

ကာမိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းအား KIA အင်အား(၁၀၀)ကျော်ဖြင့် ၀င်ရောက် တိုက်ခိုက် ခဲ့ သည့် အ တွက် ဒေသခံကချင်လူမျိုးများအပါအ၀င် လူထုမှပြင်းပြင်းထန် ထန်ကန့်ကွက်ရှုတ်ချ ခဲ့သည်။ အင်ခွ န်ဇော်ဒွဲအနေဖြင့် ကာမိုင်းရဲစခန်း အား နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည့်အပြင် အဆိုပါ တိုက်ပွဲေ အာင် မြင်ခဲ့မှုများနှင့်ပတ်သက်၍ မီဒီယာများသို့ဆက် သွယ်ပြောကြား ခဲ့ခြင်းအတွက် KIA ဗဟိုမှ မကျေမ နပ်ဖြစ် ကာယခု ကဲ့သို့လိုင်ဇာ သို့ ခေါ်ယူထား ခြင်းဖြစ်သည်။

ထို့အပြင် အင်ခွန်ဇော်ဒွဲအနေဖြင့် ၄င်းစိုးမိုးရာနေရာဒေသရှိ လုပ်ငန်းရှင်များ ဈေးဆိုင်များအား KIA ဗဟို မှကောက် ခံသော ရန်ပုံငွေနှုန်းထားများအား မီဒီယာသို့ အတိအလင်း ဖွင့်ပြောခဲ့သည်အတွက် KIA ဗဟို အနေဖြင့် လက်ရှိတွင် တပ်ရင်းမှူးရာထူးမှ ချထားသည့်အပြင် စခန်းအတွင်း ချုပ်နှောင်ထားကြောင်း သိရှိရ ပါ သည်။ အင်ခွန်ဇော်ဒွဲကို ဗဟိုမှ ဘယ်လို အပစ်ပေးမလို ဆိုတာ မသိရကြောင်း သေဒဏ်ပေးရန် ရှိကြောင်း ၎င်းတပ်ဖွဲ့ ၀င်တစ်ဦးမှ ပြောပြခဲ့ပါသည်။

ကချင်နေ့စဉ်သတင်း

No comments:

Post a Comment