Wednesday, 17 April 2013

မဟာဗန္ဓုလတံတားအနီး ယာဉ်တိုက်မှုဖြစ် လူတစ်ဦးသေဆုံး


ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ မဟာဗန္ဓုလတံတား အနီးတွင် ယနေ့ည (၁၀)နာရီခန့်တွင် ယာဉ်တိုက်မှုတစ်ခု
 ဖြစ်ပွားရာ လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မဟာဗန္ဓုလ တံတားပေါ်မှ မောင်းဆင်းလာသော တက္ကစီ ၂က/ ၄၂၆၅ သည် ဦးကျော်ခိုင် နင်းနေသော
 ဆိုက္ကား မတ- ၀၁၃၆ အား ဝင်တိုက်၍ မဟာဗန္ဓုလလမ်းအတိုင်း လမ်းပြောင်းပြန် မောင်နှင်သွားခြင်း ဖြစ်ကြောင်း 
 ယင်းယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာအနီးရှိ ဆိုက္ကားသမားများက ပြောကြသည်။ ဆိုက္ကားမောင်းနှင်သူသည် 
ယင်းနေရာ၌ ပင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း ၅၁လမ်းယာဉ်ထိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ လမ်းပြောင်းပြန် မောင်းနှင်သွားသော တက္ကစီသည် မဟာဗန္ဓုလလမ်းနှင့် 
သိမ်ဖြူလမ်းထောင့်ရှိ သွပ်များကာရန်ထားသော ဆောက်လုပ်ရေးဝန်းအား ဝင်တိုင်၍ ရပ်သွားကြောင်း၊ 
 ယင်းတက္ကစီမောင်းနှင်သူ ကိုထွန်းလင်းအား ဗိုလ်တစ်ထောင် ရဲစခန်းမှ ဖမ်းဆီးထားကြောင်း၊ 
အမှုဖွင့်အရေးယူမှုများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်သိုက်-
/themyanmaage 

No comments:

Post a Comment