Sunday, 21 April 2013

တရုတ်မြေငလျင် ကယ်ဆယ်ရေးအတွက် အခက်ကြုံနေရ



စနေနေ့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ အင်အားပြင်း မြေငလျင် တခု လှုပ်ခါလို့ ပျက်ဆီးမှုတွေ ဖြစ်ခဲ့တဲ့ တောင်ပေါ်က
လူသူ အရောက် အပေါက် နည်းတဲ့ ရွာတွေကို ရာက်ဖို့ အတွက် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ခက်ခက် ခဲခဲ ကြိုးပမ်းနေရ ပါတယ်။

ပြင်းအား ၆.၆ ရှိတဲ့ မြေငလျင်ကြောင့် သေဆုံးသူ ၂၀၀ ကျော်သွားပြီ ဆိုတာကို အတည်ပြုနိုင်ပြီး၊ တခြား တသောင်း တထောင်လောက် ကတော့ ထိခိုက် ဒဏ်ရာ ရရှိသွားကြပါတယ်။



မြေငလျင်ဟာ ဆီချွမ်းပြည်နယ် ချိန်တူးမြို့ အနောက်ဘက် ကျေးလက် ဒေသမှာ လှုပ်ခါသွားတာ ဖြစ်ပါတယ်။

လမ်းတွေကကျဉ်း မြေပြိုမှုတွေကဖြစ် ယာဉ်ကြော ပိတ်ဆို့တာကလည်း အကြီးအကျယ် ဖြစ်နေတာကြောင့် မြေငလျင် ဒဏ် အဆိုးဆုံး ထိခဲ့တဲ့ နေရာ တချို့ကို ကူညီထောက်ပံ့ရေး ပစ္စည်းတွေ မရောက်နိုင် ဖြစ်နေရပါတယ်။

ကယ်ဆယ်ရေး ဆောင်ရွက်ဖို့ အတွက် ရဲနဲ့ စစ်သား အင်အား ၁ သောင်း ၇ ထောင်ကို စေလွှတ်ထားပါတယ်။

ယန်အန် မြို့ အဓိက ဆေးရုံ တဝိုက်မှာ ယာယီ ရွက်ဖျင်တဲတွေ ထိုးပြီး၊ ထိခိုက် ဒဏ်ရာရသူတွေကို ကုသမှုတွေ လုပ်ပေးနေပါတယ်။
 BBC Burmese

No comments:

Post a Comment