Saturday, 13 April 2013

မိုးကြိုးထိမှန်၍ ၅ ဦးသေ၊ ၁ ဦးဒဏ်ရာရ


၁၃-၄-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် မိုးရွာသွန်း၍ လေပြင်းများတိုက်ခတ်ပြီး မိုးကြိုးပစ်မှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ ၀ါလဲကျေးရွာရှိ ဒေါ်မုတူး၏နေအိမ်အား မိုးကြိုးထိမှန်ခဲ့သည်။ ထိုသို့မိုးကြိုးထိမှန်မှုကြောင့် နေအိမ်အတွင်း၌ အိပ်ပျော်နေသော ဒေါ်မုတူး၏သမီးဖြစ်သူ နော်အေးခိုင် (၁၈)နှစ်သည် နေအိမ်ခန်းအတွင်းသေဆုံးခဲ့ပြီး ဒေါ်မုတူးမှာ ထုံကျင်ဒဏ်ရာများရရှိခဲ့သည်။ ထို့ပြင် ထိုနေ့ ၁၆၃၅ အချိန် ကော့ဖော်ရွာနေ မောင်ထွန်း (၂၅)နှစ်နှင့် အေးမင်းသန်း(၂၅)နှစ်တို့နှစ်ဦးသည် ရွာတောင်ဘက် ရေတွင်း၌ ရေချိုးနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့သည်။ အလားတူ
သရက်တောကျေးရွာနေ ဒေါ်အေးမာ (၄၈)နှစ်မှာလည်း ရွာအနောက်ဘက် လယ်ကွင်း၌ နွားသိမ်းနေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ပြီး ၁၆၃၅ အချိန် ရေပူကြီးကျေးရွာနေ မနန်းသဲစုခိုင် (၁၆)နှစ်သည်လည်း ထမင်းချက်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment