မလေးရှား ပီနန်မြို့ ဓမ္မိကာရာမကျောင်းသင်္ကြန် အထူးစည်ကား

မလေးရှားနိုင်ငံ
ပီနန်ကျွန်းရှိ ဂျော့ခ်ျတောင်းမြို့ ဓမ္မိကာရာမ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးကျောင်းတွင် (၂၂) ကြိမ်မြောက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို
ဧပြီလ ၁၃ ရက် စနေနေ့ တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ကြကြောင်း
သတင်းရရှိသည်။ အဆိုပါသင်္ကြန်ပွဲတော်ကို မလေးရှား ဖုန်းလိုင်းကုမ္ပဏီ
တခုဖြစ်သည့် ဟော့ထ်လင့်ခ် (Hotlink) ကုမ္ပဏီမှ ပင်မကုန်ကျစရိတ် အထောက်အပံ့
(Main Sponsor) ဖြင့် တာဝန်ယူ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သင်္ကြန် အခမ်းအနားကို နံနက် ၈ နာရီခန့် တွင် “နမောတဿ” သုံးကြိမ်ရွတ်ဆို၍
ဓမ္မိကာရာမ လက်ထောက်ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တနှင့် ဦးစာဂရပုတ္တိတို့က
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း
သိရှိရသည်။ ထို့နောက် ဆရာတော် ဦးဝိစိတ္တက အဖွင့်အမှာစကားမိန့် ကြားရာ “
အယင့်အရင် နှစ်တွေက ကျင်းပခဲ့တဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွေက
ကောင်းခဲ့လို့ ဒီနှစ်လည်း ခုလိုစည်ကားသိုက်မြိုက်စွာ ဆက်လက်
ကျင်းပခွင့်ရတာဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်မှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း
ပျော်ပျော်ရွှင်ရွှင်နဲ့ ပူးပေါင်းပါဆင်နွှဲကြပါ ” ဟု မိန့် ကြားတော် မူသည်။
သင်္ကြန်ပွဲတော် အခမ်းအနားကို မလေးရှားရောက်
မြန်မာတိုင်းရင်းသားများ သောင်းနဲ့ချီ လာရောက်ဆင်နွှဲခဲ့သည့်အပြင်
ကမ္ဘာနိုင်ငံအနှံ့အပြားက ကမ္ဘာလှည့်ဘုရားဖူး နိုင်ငံခြားသားများလည်း ရာနဲ့ချီ
ပူးပေါင်းပါဝင်ဆင်နွှဲခဲ့၍ ကြက်ပျံမကျ စည်ကားခဲ့ကြောင်း

ဆရာတော်
ဦးရာဂရပုတ္တိက အာရ်ကန်တိုင်းမ်စ်သို့ ယခုလို မိန့် ကြားတော်မူသည်။ “
မလေးရှားနိုင်ငံမှာ ပီနန်သင်္ကြန်ကတော့ အကြီးဆုံးနဲ့ အစည်ကားဆုံးလို
့ပြောနိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်းကို ဧပြီလ ၁၃ ရက်နေ့ မှာ
ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်က စနေနေ့ ဖြစ်နေတဲ့အတွက်လည်း
မြန်မာတိုင်းရင်းသားတွေ သောင်းနဲ့ ချီလာရောက် ဆင်နွှဲကြတာတွေ့ရတယ်။
အမေရိကန်၊ နယ်သာလန်၊ အင်္ဂလန်၊ တရုတ်၊ အိန္ဒိယ၊ သြစတေးလျားနိုင်ငံတွေက
ကမ္ဘာလှည့်ဘုရားဖူး နိုင်ငံခြားသားတွေအပြင် ဒေသခံ မလေးရှား
နိုင်ငံသားတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ လူမျိုးတွေလည်း လာရောက်ဆင်နွှဲကြတယ်။
ဘုန်းတော်ကြီး ကျောင်းဝန်းတခုလုံးက ကြက်ပျံမကျ စည်ကားလှတယ် ” ဟု မိန်
့ကြားသည်။ ကြွရောက်လာသည့် ဧည့်ပရိတ်များကို အမေ့ရင်သွေးတေးဂီဝိုင်းမှ
ရိုးရာတေးသီချင်း၊ ခေတ်ပေါ်တေးဂီတတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပီနန်
ပရဟိတ္တလူငယ်များ အဖွဲ့အစည်းအသီးသီးက မြန်မာ့ရိုးရာ
စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်သားကြော်၊ မုန့် လုံးရေပေါ်၊ ကြာဆံကြော်၊
မုန့် ဟင်းခါး၊ လက်သုပ်စုံ၊ ရွှေရင်ရေး၊ အဖျော်ရည်စုံများနဲ
့ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရှိရသည်။ နှစ်သစ်ကူး နှုတ်ခွန်းဆက်
ဆုတောင်းစကားနဲ့ ပတ်သက်၍ “ နှစ်ဟောင်းမှာ ဦးဇင်းတို့ မြန်မာနိုင်ငံမှာ
ပဋိပက္ခမျိုးစုံတွေနဲ့  ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတယ်။ အဲဒီ
တအုံနွေးနွေးဖြစ်နေတဲ့ ပဋိပက္ခမျိုးစုံတွေကို သင်္ကြန်ရေနဲ
့ဆေးကြောပစ်နိုင်ပြီးတော့ နှစ်သစ်ကို သယ်ယူမလာဖို့ နဲ့ နိုင်ငံအုပ်ချုပ်တဲ့
အစိုးရတွေကလည်း ကိုယ့်တာဝန်ကိုကိုယ် တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ကျေပွန်တဲ့
စိတ်ဓာတ်နဲ့ ထမ်းဆောင်ကာ ငြိမ်းချမ်းပြီး ခေတ်မှီဖွံ့ ဖြိုးတိုးတက်တဲ့
နိုင်ငံတော်သစ်ကို တက်လှမ်းနိုင်ကြပါစေ” ဟု ဆရာတော် ဦးရာဂရပုတ္တိက
ဆုမွန်ကောင်း တောင်းတော်မူသည်။ ပီနန်ကျောင်းထိုင်ဆရာတော်ကြီး ဦးပညာဝံသသည်
ယခုနှစ် သင်္ကြန်တွင် သာသရေးကိစ္စဖြင့် မြန်မာနိုင်သို့  ၂၀၁၃
နှစ်ဆန်းပိုင်းကတည်းကပင် ကြွရောက် သီတင်းသုံးတော်မူနေပြီး
မေလကုန်နောက်ပိုင်းမှ ဓမ္မိကာရာမ ကျောင်းတိုက်သို့ ပြန်လည်ကြွရောက်တော်မူမည်
ဖြစ်ကြောင်းလည်း သိရှိရသည်။
Arakan Times
No comments:
Post a Comment