Thursday, 11 April 2013

သင်္ကြန်မှာ သူတို့ ဘာလုပ်ကြမလဲ

မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်က ၁၃၇၅ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူး မင်္ဂလာအချိန် ကျရောက်တော့မှာ ဖြစ်ပါတယ်။
 နှစ်တစ်နှစ် မကူးပြောင်းမီ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ မြန်မာ့ရိုးရာ သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပတဲ့အချိန်မှာ
 အနုပညာရှင်တွေ ဘာတွေလုပ်ကြမလဲ။ ဘယ်မှာရှိမလဲ ဆိုတာ သိရအောင် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဖူးစုံ
ဒီနှစ်သင်္ကြန်မှာတော့မှော်ဘီက အောင်ဇမ္ဘူတောရကျောင်းမှာ တရားစခန်းဝင်မယ်။ မ၀င်ဖြစ်တာကြာတော့
 ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်ဖြစ်တာပါ။ အခုတော့ အလုပ်တွေကို ၁၂ ရက်နေ့အထိလက်ခံထားတယ်။
 ညနေကြမှ တရားစခန်းဝင်မယ်။ နှစ်သစ်မှာ အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျော်ရွှင်နိုင်ကြပါစေ 
လို့ ဆုတောင်းပေးလိုက်ပါတယ်။
မယ်လိုဒီ
 အခုFM မှာသင်္ကြန်နဲ့ပတ်သတ်ပြီးလုပ်နေတာရှိပါတယ်။ အဲ့ဒါတွေကိုလုပ်နေတယ်။သင်္ကြန်မှာ 
အန္တရာယ်ကင်းဘေးရှင်းစွာ ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။
ရတနာမိုင်
မိုင်လေးကတော့ ဒီနှစ်မှာ မိုင်လေးရဲ မဏ္ဍပ်မှာပဲရှိမှာပါ။ မိုင်လေးရဲ မဏ္ဍပ်က 
ပါရမီလမ်းပေါ်မှာရှိတဲ့ မိုင်လေးApril ပါ။ မိုင်လေး မဏ္ဍပ်အတွက် 
ဆိုတေး၊ အောင်လနဲ့ နန်းဆုရတီစိုးတို့ကိုလည်း ဖိတ်ထားပါတယ်။ 
မိုင်လေးကတော့ သီချင်းဆိုဖြစ်မလားဆိုတာ မသေချာသေးဘူး။ သင်္ကြန်မှာ ပရိသတ်တွေ အားလုံ 
စိတ်ကျန်းမာကိုယ် ချမ်းသာနဲ့ ပျော်ရွှင်ကြပါစေ လို့လည်း ဆုတောင်းပေးပါတယ်
>အေးမြတ်သူ
ဒီနှစ်ကတော့ အိမ်မှာပဲနေဖြစ်မှာပါ။ပြီတော့ သင်္ကြန်မှာ ကဲမယ့်သူတွေကိုလည်းကျန်းမာရေးသတင်းတွေက
 ကြေညာထားတော့ ကျန်းမာရေးကို ဂရုစိုက်ပါလိုပြောချင်ပါတယ်။လက်ရှိတော့ သင်္ကြန်အပြီးမှာ အလုပ်တွေပြန်စဖြစ်မယ်
။သင်္ကြန်မှာ အားလုံးကျန်းမာပျော်ရွှင်စွာနဲ့ ဂရုစိုက်စွာပျော်ရွှင်ကြပါစေလို ဆုတောင်းပေးပါတယ်။
ဖြိုးငွေစိုး
အရင်နှစ်သင်္ကြန်တွေက ငပလီသွားဖြစ်တာများတယ်။ ဒီ(၂)နှစ်(၃)နှစ်လောက်ကမှ 
ရန်ကုန်မှာ နေဖြစ်တာ။ အခုထိတော့ အတိအကျ မပြောတက်သေးဘူး သူငယ်ချင်တွေနဲ့
ဘယ်သွားဖြစ်မယ် ဆိုတာ အတိအကျမသိသေးဘူး။ လက်ရှိတော့ ကျွန်တော် ဟာသကားတွေ ရိုက်နေပါတယ်။
 နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်း ပေးပါတယ်။  
သင်္ကြန်မှာနေအရမ်းပူတယ် ကျန်းမာရေးဂရုစိုက်ပါ လို့လည်း ပြောချင်ပါတယ်။
>မြင့်မြတ်
လက်ရှိတော့ ဒီသင်္ကြန်မှာ ဘာလုပ်ဖြစ်မယ်ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးဘူး။
 ဘယ်မဏ္ဍပ်မှာ ထိုင်မယ် ဘာလုပ်ဖြစ်မယ်ဆိုတာ မပြောတက်သေးဘူး။ နှစ်သစ်မှာ ပရိတ်သတ်ကြီး 
ကျန်းမာချမ်းသာပါစေ။ နှစ်သစ်မှာ ပိုက်ဆံတွေလည်းအများကြီး ရပါစေဟု ဆုတောင်းပေးပါတယ်။
 
ပိုင်လေး
မြန်မာ့ခေတ်

No comments:

Post a Comment