Wednesday, 10 April 2013

စာပို့လုလင်နှင့် ကြေးနန်းပို့ လုလင်များအား ရေပက်ကစားခြင်း မပြုရန် မေတ္တာရပ်ခံ

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် နှစ်သစ်ကူး မဟာ သင်္ကြန်ရက်များ အတွင်း မဟာသင်္ကြန် အကြတ်နေ့ဖြစ်သော ဧပြီ ၁၅ ရက်နှင့်

နှစ်သစ်ကူး ရုံးပိတ်ရက် ဖြစ်သည့် ဧပြီ ၂ဝ ရက်တို့တွင် အများပြည်သူတို့၏ အကျိုးစီးပွား အလို့ငှာ စာဝေလုပ်ငန်းနှင့် ကြေးနန်းစာဝေ လုပ်ငန်းများကို နားရက်မယူ ဘဲ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ အမြန်ချောပို့ လုပ်ငန်းကိုလည်း နှစ်သစ်ကူး မဟာသင်္ကြန် ရုံးပိတ်ရက်များတွင် ပိတ်ရက်မရှိ နေ့စဉ်

ဖွင့်လှစ် ဆောင်ရွက်ပေးမည် ဖြစ်သည်။

အဆိုပါ ရက်များအတွင်း ဝတ်စုံပြည့်ဖြင့် တာဝန်ထမ်းဆောင် နေကြသည့် စာပို့လုလင်များ၊ ကြေးနန်းပို့ လုလင်များအား ရေပက်ကစားခြင်း မပြုကြရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မေတ္တာ ရပ်ခံထား သည်။
မြ၀တီ

No comments:

Post a Comment