Tuesday, 23 April 2013

ဆိပ်ကမ်းသာလမ်းထိပ်တွင် လူတစ်ဦး ဓါတ်လိုက်သေဆုံး

Photo: ဆိပ်ကမ်းသာလမ်းထိပ်တွင် လူတစ်ဦး ဓါတ်လိုက်သေဆုံး

ရန်ကုန်၊ ဧပြီ ၂၃။

ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက်ထိပ်ရှိ Mather Land ဆောက်လုပ်ရေးဝင်းအတွင်း ယနေ့ ဧပြီလ ၂၃ ရက် ညနေ ၆ နာရီ၁၅ မိနစ် တွင် လူတစ်ဦးဓါတ်လိုက် သေဆုံး သွားကြောင်း ကျောက်တံတားမြို့နယ် စခန်းမှူးထံမှ သိရသည်။

“ဒီအပေါ်မှာ အားလုံး ကစားနေကြတာပဲ။ ဓါတ်စလိုက်တုန်းက မသိဘူး ကလေးက ဆော့နေရင်း တုန်နေတာနဲ့ ကလေးကို သွားဆွဲတော့ ကျဉ်ကနဲ ဖြစ်သွားတယ်။ အဲ့တော့မှ ဓါတ်လိုက်မှန်း သိတာ။ ကျွန်တော်လည်း ကလေးကို အတင်းဝင်ဆွဲတာ ကလေးကတော့ လွတ်သွား တယ်” ဟု ယင်းဆောက်လုပ်ရေးဝင်းရှေ့တွင် ကုန်စိမ်းရောင်းသူ ကိုလှိုင်မင်းက ပြောကြားသည်။

သေဆုံးသူသည် မောင်ယမင်းဝင်း (၂၃ နှစ်) ဖြစ်ပြီး ယင်းနေရာတွင် နယ်မှ အလုပ်လာလုပ်သည်မှာ မကြာသေးကြောင်း သိရသည်။

“ဒီအပေါ်မှာ အားလုံးဆော့နေကြတာ။ သူလဲကျသွားတော့ တက်တယ်ထင်လို့ သွားနှိပ်တော့မှ ဓါတ်လိုက်မှန်း သိတာ။ ဘောလုံးကန်နေရင်း ဘောလုံးလွင့်သွားတော့ သွားကောက်တာ။ သံပြားအလယ်လောက်ရမှ ဓါတ်လိုက်ပြီး လဲကျသွားတာ” ဟု အတူတူ အလုပ်လုပ်သူ ကိုဖိုးကျော်က ပြောကြားသည်။

ရေတင်သည့် မီးကြိုးကို တစ်ဖက်ကွန်ဒိုမှ သွယ်၍ သံပြားအောက်မှ ဖြတ်ကာ အခြားတစ်ဖက်တွင် ရေတင်ကြောင်း၊ ရေပြည့်သွားသည့်အခါ ရေမော်တာကိုသာ ပိတ်ပြီး ရေတင်သည့် မီးခလုတ်ကို မပိတ်မိသည့်အတွက် ယင်းကဲ့သို့ ဖြစ်သွားကြောင်း ကျောက်တံတားရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းလွင်က ဓါတ်လိုက်ခြင်းနှင့် ပတ်သတ်၍ အတည်ပြု ပြောကြားသည်။

ရည်မွန်

ဓာတ်ပုံ -ထက်နောင်နောင်ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက်ထိပ်ရှိ Mather Land ဆောက်လုပ်ရေးဝင်းအတွင်း ဧပြီလ ၂၃ ရက် ညနေ ၆ နာရီ၁၅ မိနစ် တွင် လူတစ်ဦးဓါတ်လိုက် သေဆုံး သွားကြောင်း ကျောက်တံတားမြို့နယ် စခန်းမှူးထံမှ သိရသည်။

“ဒီအပေါ်မှာ အားလုံး ကစားနေကြတာပဲ။ ဓါတ်စလိုက်တုန်းက မသိဘူး ကလေးက ဆော့နေရင်း တုန်နေတာနဲ့ ကလေးကို သွားဆွဲတော့ ကျဉ်ကနဲ ဖြစ်သွားတယ်။ အဲ့တော့မှ ဓါတ်လိုက်မှန်း သိတာ။ ကျွန်တော်လည်း ကလေးကို အတင်းဝင်ဆွဲတာ ကလေးကတော့ လွတ်သွား တယ်” ဟု ယင်းဆောက်လုပ်ရေးဝင်းရှေ့တွင် ကုန်စိမ်းရောင်းသူ ကိုလှိုင်မင်းက ပြောကြားသည်။

သေဆုံးသူသည် မောင်ယမင်းဝင်း (၂၃ နှစ်) ဖြစ်ပြီး ယင်းနေရာတွင် နယ်မှ အလုပ်လာလုပ်သည်မှာ မကြာသေးကြောင်း သိရသည်။

“ဒီအပေါ်မှာ အားလုံးဆော့နေကြတာ။ သူလဲကျသွားတော့ တက်တယ်ထင်လို့ သွားနှိပ်တော့မှ ဓါတ်လိုက်မှန်း သိတာ။ ဘောလုံးကန်နေရင်း ဘောလုံးလွင့်သွားတော့ သွားကောက်တာ။ သံပြားအလယ်လောက်ရမှ ဓါတ်လိုက်ပြီး လဲကျသွားတာ” ဟု အတူတူ အလုပ်လုပ်သူ ကိုဖိုးကျော်က ပြောကြားသည်။

ရေတင်သည့် မီးကြိုးကို တစ်ဖက်ကွန်ဒိုမှ သွယ်၍ သံပြားအောက်မှ ဖြတ်ကာ အခြားတစ်ဖက်တွင် ရေတင်ကြောင်း၊ ရေပြည့်သွားသည့်အခါ ရေမော်တာကိုသာ ပိတ်ပြီး ရေတင်သည့် မီးခလုတ်ကို မပိတ်မိသည့်အတွက် ယင်းကဲ့သို့ ဖြစ်သွားကြောင်း ကျောက်တံတားရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းလွင်က ဓါတ်လိုက်ခြင်းနှင့် ပတ်သတ်၍ အတည်ပြု ပြောကြားသည်။

ရည်မွန်

ဓာတ်ပုံ -ထက်နောင်နောင်

No comments:

Post a Comment