Tuesday, 2 April 2013

ဂျနီဖာ လိုပက်ဇ် ၃ မွှာပူး ကိုယ်ဝန်ဆောင်ထား


ကမ္ဘာကျော် အနုပညာရှင် ဂျနီဇာလိုပက်ဇ် ( ဂျေလို) ဟာ ၃ မွှာပူး ကိုယ်ဝန်ဆောင်နေပါပြီတဲ့။ ဒါဟာ ဂျေလို အတွက် ဒုတိယမြောက် အမွှာကိုယ်ဝန်ဆောင်ခြင်းဖြစ်ပါတယ်။

ဂျေလို ဟာ ၁ နှစ်ကျော်ကြာ အက ပညာရှင် ကက်စပါ စမတ်နဲ့ တွဲနေခဲ့တာဖြစ်ပြီး လာမယ့် လအနည်း ငယ်မှာဘဲ အသက် ၄၃ နှစ်အရွယ် မင်းသမီး ဂျနီဖာလိုပက်ဇ်ဟာ ၃ မွှာပူး မွေးဖွားတော့မှာ ဖြစ်ပါတယ်။

၅ နှစ်အရွယ်တွေဖြစ်နေကြပြီဖြစ်တဲ့ အရင်က မက်စ်နဲ့ အင်မီတို့ အမွှာမိခင် ဂျေလိုဟာ အခုလို ၃

မွှာပူးကိုယ်ဝန်ဆောင် ရတာကို အတော်စိတ်လှုပ်ရှားနေတယ်လို့ Latina အွန်လိုင်း သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။

ဒါက ဂျေလိုအတွက်တော့ သတင်းကြီးတခုဖြစ်ပြီး လာမယ့် လအနည်းငယ်မှာတော့ သိပ်ပြီး အလုပ်တွေ ရှုပ်လာတော့မယ် လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

အခု ကိုယ်ဝန်ဆောင်ထားတဲ့ ၃ မွှာပူးလေးမှာ မိန်းကလေးဘယ်နှစ်ယောက်၊ ၊ ယောင်္ကျားလေး ဘယ်နှစ်
ယောက် ဖြစ်တယ်ဆိုတာ သိဖို့ Baby Center ရဲ့ အဖြေကို ရင်ခုန်းစောင့်ဆိုင်နေပါတယ်တဲ့။

အခုဆိုရင် ဂျေလိုဟု အမွှာ ကိုယ်ဝန်အတွေ့အကြုံ နောက်ထပ် ရလိုက်တာဖြစ်ပြီး မိတ်ဆွေ သူငယ်ချင်း
တွေကလည်း ချီးမွမ်းပြောဆိုရင် မိခင်နဲ့ ၀မ်းဗိုက်ထဲက သန္ဓေသားလေးတွေရဲ့ ကျန်းမာရေးအတွက် ဆုတောင်း ပေးမှုတွေလည်း အဆက်မပြတ် သတင်း စကားတွေ ပါးနေတယ်လို့ ဆိုပါတယ်။

ဧရာဝတီ Blog

No comments:

Post a Comment