Thursday, 2 May 2013

ခေါင်းဖြတ်ခံရသူ အမျိုးသမီး၏ရာဇဝင် ဖော်ထုတ်နိုင်ရေး လက်ဗွေကို လဝက ရုံးများသို့ ပေးပို့

ခေါင်းဖြတ်ခံရသူ အမျိုးသမီး၏ရာဇဝင် ဖော်ထုတ်နိုင်ရေး လက်ဗွေကို လဝက ရုံးများသို့ ပေးပို့


ရန်ကုန်၊ ဧပြီ ၃ဝ
လွန်ခဲ့သော နှစ်လခွဲကျော်က ဖြူးမြို့၌ ခေါင်းဖြတ်ခံရသူ အမျိုးသမီး အား ယနေ့အထိ အမည်မဖော်ထုတ် နိုင်သေးသည့်အတွက် ၄င်း၏ လက်ဗွေ ရာကို ပြည်နယ်တိုင်းအသီးသီးရှိ လဝကရုံးများသို့ ရဲတပ်ဖွဲ့ကပေးပို့လိုက် ပြီဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြဝင်းက ပြောသည်။http://www.myanmardailynews.org/2013/05/blog-post_5577.html
လွန်ခဲ့သော နှစ်လခွဲကျော်က ဖြူးမြို့၌ ခေါင်းဖြတ်ခံရသူ အမျိုးသမီး အား ယနေ့အထိ အမည်မဖော်ထုတ် နိုင်သေးသည့်အတွက် ၄င်း၏ လက်ဗွေ ရာကို ပြည်နယ်တိုင်းအသီးသီးရှိ လဝကရုံးများသို့ ရဲတပ်ဖွဲ့ကပေးပို့လိုက် ပြီဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြဝင်းက ပြောသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖြူး တွင် ဦးခေါင်းပြတ်၍ သေဆုံးနေသော အမျိုးသမီးအမှုကို ရဲချုပ်ရုံးက တိုက် ရိုက်ကိုင်တွယ်ပြီး သေဆုံးသူ မည်သူ မည်ဝါ ဖြစ်ကြောင်းကို မသိရှိသေးသည့် အတွက် ထိုသို့ဆောင်ရွက်ခြင်းဖြစ် သည်ဟု ရဲမှူးကြီးက ဆိုသည်။ ”မှုခင်းဌာနမှာ ပြစ်မှုကျူးလွန်ခဲ့ ခြင်း ရှိ၊ မရှိ သေသူရဲ့ လက်ဗွေရာ စစ် တာမတွေ့ဘူး။ ဒါနဲ့ပဲ တိုင်းဒေသကြီး နဲ့ ပြည်နယ် လဝကရုံး အသီးသီးကို ပေးပို့လိုက်ရတယ်” ဟု ၄င်းက ဆက် ပြော သည်။
အသတ်ခံရသူကို မသိရှိရသေး သော်လည်း မသင်္ကာသူများကို ရဲတပ် ဖွဲ့က ရှာဖွေဖော်ထုတ် စစ်ဆေးခြင်းများ ပြုလုပ်နေသည်။ ယခုနှစ် အတွင်း ပဲခူးတိုင်းဒေသ ကြီးအတွင်း ဖြူး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီးနောက်ပိုင်း ပြည်မြို့တွင် တူရိယာ အရောင်းပစ္စည်း ဆိုင်ရှင် အမျိုးသမီး ထပ်မံအသတ်ခံခဲ့ ရသည်။ 
ထို့အပြင်ပြည်မြို့၌ အမျိုးသား တစ်ဦးကို တပ်မတော်သားသုံးဦးက သတ်ဖြတ်သည်ဟု ယူဆရ သော အမှု ဆက်လက်ဖြစ်ပွားခဲ့သည်။ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက ”ဆက်တိုက်ဖြစ်ခဲ့တဲ့ အဲဒီအမှုဖြစ်စဉ်တွေကို ဥပဒေနဲ့အညီ ထိထိေ ရာက်ရောက် အရေးယူနိုင်ဖို့ကို ရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ ပြည်သူ ရဲ့ ပူးပေါင်းပါဝင်မှုကလည်း ဒီနေရာ မှာ သိပ်ကို အရေးပါပါတယ်” ဟု ပြောသည်။
ယခု ဧပြီအတွင်း လူသတ်မှု ၁၇ မှု ဖြစ်ခဲ့သည်အထိ ဆက်တိုက်ဖြစ်ပွား လာမှုအပေါ် ရဲတပ်ဖွဲ့က ပဲခူးတိုင်းေ ဒ သကြီးတွင် မှုခင်းမဖြစ်ပေါ်ရန် မှုခင်း ဖြစ်နိုင်ခြေ ရှိသည့်နေရာများတွင် ကင်းပုန်းချခြင်း၊ အသိပညာပေးမှု ကြိုတင်ကာကွယ်မှုတို့ ပြုလုပ်လာ သည်။ 
လူဦးရေသိန်း ၆ သန်းကျော်ရှိ သော ပဲခူးတိုင်းဒေသကြီးတွင်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ၁ ရုံး၊ ခရိုင် ၄ ရုံး၊ မြို့နယ်ရဲစခန်းရုံး ၂၈ ရုံး၊ ရဲစန်း ၁၁၈ ရုံးရှိပြီး ရဲတပ်ဖွဲ့ဝင် ၃၈ဝဝ ကျော်က တာဝန်ထမ်းဆောင်နေကြသည်။

မင်းသုအောင်
Popular Myanmar News Journal ,

No comments:

Post a Comment