Wednesday, 1 May 2013

ကောင်းကင် ကျွမ်းဘားမယ် တစ်ဦး ရင်သပ် ရှုမောဖွယ် ကျွမ်းဘား ပြကွက်ကို ပြသ

Photo: ကောင်းကင် ကျွမ်းဘားမယ် တစ်ဦး ရင်သပ် ရှုမောဖွယ် ကျွမ်းဘား ပြကွက်ကို ပြသ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ရော့စ်နီဆူဘွား အရပ်မှ ကောင်းကင် ကျွမ်းဘားမယ် တစ်ဦးဖြစ်သူ ရော့ဇ်အိန်း ဂီလီယန်သည် လေထီး ခုန်ချသူနှင့် အတူ လိုက်ပါ၍ ဝေဟင်အမြင့် မီတာ ၆၀၀ ခန့်၌ လေထီး ကြိုးပေါ်တွင် ကြည့်ရှုသူ ပရိသတ်များ အံ့အား သင့်စေမည့် ရင်သပ် ရှုမောဖွယ် ကျွမ်းဘား ထိုးခြင်းကို အန္တရာယ် ကင်းစွာဖြင့် ပြသ နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ ပြကွက်ကို ပြင်သစ်နိုင်ငံ အတွင်းရှိ Annecy ရေကန်ကို လေထီးဖြင့် ဖြတ်သန်း နေချိန်၌ ပြသခဲ့ခြင်း ဖြစ်သည်။ ပြကွက်ကို ပြသခဲ့ ချိန်တွင် ဂီလီယန်သည် ဦးထုပ်ကိုပင် မဆောင်းဘဲ လေထီးခုန်သူ ဂီးလ်စကီနီဒါ၏ ၃ ဒသမ ၅ မီတာ အရှည်ရှိသော ကြိုးပေါ်၌ သူမ၏ ကိုယ်ခန္ဓာကို တွဲလောင်းချ၍ ပြသခဲ့ခြင်း ဖြစ်သည်။

http://bit.ly/14YotKW

No comments:

Post a Comment