Friday, 31 May 2013

ကမ်ဘောဒီယားအထည်ချုပ်သမားများ ရဲနဲ့ ရုန်းရင်းဆန်ခဖြစ်

Photo: ကမ်ဘောဒီယားအထည်ချုပ်သမားများ ရဲနဲ့ ရုန်းရင်းဆန်ခဖြစ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကမ်ဘောဒီယားနိုင်ငံမှာ အထည်ချုပ်လုပ်သားတွေနဲ့ ရဲတို့ ရုန်းရင်း ဆန်ခဖြစ်ပြီး အလုပ်သမား ၂၀ ကျော် ဒဏ်ရာရရှိသွားကြတယ်လို့ သိရပါတယ်။ အလုပ်သမား ၄ထောင်ကျော်က အလုပ်ကနေ ဆန္ဒပြထွက်ခွာသွားကြပါတယ်။

အဲဒီအထည်ချုပ်စက်ရုံ စာဘရီနာဟာ Nike နဲ့ Liululrmon Athlethica တို့ကို တင်သွင်းနေတာ ဖြစ်ပါတယ်။ အလုပ်သမားတွေက လက်ရှိလစာ ၇၄ ဒေါ်လာထက် တလ ၁၄ ဒေါ်လာပိုရဖို့ တောင်းဆိုနေတာပါ။ 
ရဲတွေက လျှပ်စစ်တုတ်တွေကို အသုံးပြုပြီး လူအုပ်ခွဲခဲ့ပါတယ်။ ဒဏ်ရာရသူထဲမှာ ကိုယ်ဝန်ဆောင် ၂ ယောက်ပါရှိပါတယ်။ 

Nikeနဲ့ Liululrmon ကုမ္ပဏီတွေက ဒီဖြစ်ရပ်ကြောင့် စိုးရိမ်ကြောင်း
ကြေညာချက် ထုတ်ပြန်ပါတယ်။ Nike ရဲ့ ကျင့်ဝတ်တွေအရ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ သမဂ္ဂဖွဲ့စည်းခွင့်တွေကို စက်ရုံက လေးစားရမှာ ဖြစ်ကြောင်း၊ ဒီအလုပ်သမားတွေကို သူတို့နဲ့ ကွန်ထရက်ယူထားတဲ့ ထုတ်လုပ်သူက ငှားတာဖြစ်တဲ့အတွက် သူတို့ရဲ့ လစာနဲ့ နစ်နာကြေးတွေဟာ အဲဒီထုတ်လုပ်သူတွေနဲ့သာ သက်ဆိုင်တယ်လို့ ဆိုထားပါတယ်။ သူတို့အနေနဲ့ ထုတ်လုပ်သူနဲ့ အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်လာရင် အမြန်ဆုံး အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဲဒီအထည်ချုပ်စက်ရုံဟာ အလုပ်သမား ၄ သိန်းကို ငှားရမ်းလုပ်ကိုင်နေပြီး သူတို့ရဲ့ ပို့ကုန်ဟာ ကမ်ဘောဒီယားရဲ့ ပို့ကုန် ၈၀% (ဒေါ်လာ သန်း ၄ထောင်) ရှိပါတယ်။ ထုတ်ကုန်အများစုကို အီးယူနဲ့ အမေရိကန်ကို တင်သွင်းနေပါတယ်။

Credit to>>>
Burma-Newselite

No comments:

Post a Comment