Tuesday, 4 June 2013

အသက်(၁၇)နှစ်သမီးနဲ့ အတူနေလို့ ထောင်တစ်နှစ်ကျသူ

စင်္ကာပူနိုင်ငံတွင် အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အသက်(၁၇)နှစ်အရွယ် မိန်းကလေးနဲ့ လိင်အမှု ပြုခဲ့သဖြင့် ပြီးခဲ့သည့် တနင်္လာနေ့က တရားရုံးမှ ထောင်ဒဏ်တစ်နှစ် ချခဲ့ကြောင်း သိရသည်။
၎င်းက Hotel 81 (Opera) ၌၂၀၁၀ ဒီဇင်ဘာ(၃၁)မှ ၂၀၁၁ ဇန်နဝါရီ(၁)ရက်နေ့တွင် ထိုမိန်းကလေးနဲ့ တည်းခိုပြီး အတူနေခဲ့သောကြောင့် အသက်မပြည့်သေးသူကို လိင်ဆက်ဆံခဲ့ခြင်းအတွက်
ယင်းသို့ ပြစ်ဒဏ်ပေးခဲ့တာဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် ၎င်းဟာ အခြားပြစ်ဒဏ်အဖြစ် အမျိုးသမီးတစ်ဦး၏ လက်ကိုင်ဖုန်း တက္ကစီတစ်စီးအတွင်း ကျန်ခဲ့တာကို ပြန်မပေးဘဲ ယူသွားခဲ့သောကြောင့် တရားရုံးက မရိုးသားမှုအတွက် ငွေဒဏ် စင်္ကာပူဒေါ်လာ (၁၅၀၀) ပေးဆောင်စေရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

burmesehearts

No comments:

Post a Comment