Thursday, 27 June 2013

နမ့်ခမ်းမူးယစ်အထူးအဖွဲ့ တိုက်ခိုက်ခံရ...

နမ့်ခမ်းမြို့နယ် မူးယစ်အထူးအဖွဲ့သည်နမ့်ခမ်းမြို့နယ် လွယ်လင်ကန်
ကျေးရွာတွင် ဇွန်လ(၂၅)ရက်နေ့၊ ညနေ(၆) နာရီအချိန်မှာ ဗုံးခွဲတိုက်ခိုက်
ခံရတယ်လို့ နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ
သိရသည်။ ယခုလိုဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် မူးယစ်အထူးအဖွဲ့မှ


ရဲတပ်သားတစ်ဦးကျဆုံးခဲ့ပြီး၊ နှစ်ဦးဒဏ်ရာအပြင်းအထန် ရရှိကြောင်း
သိရသည်။နမ့်ခမ်းမြို့နယ် မူးယစ်အထူးအဖွဲ့သည်သတင်းရရှိချက်အရ
လွယ်လင်ကန်ကျေးရွာတွင် သွားရောက်စောင့်ဆိုင်းစဉ် ယခုလိုဗုံးခွဲ
တိုက်ခိုက်ခံရခြင်း ဖြစ်ပြီးယခုအချိန်ထိမူးယစ်အထူးအဖွဲ့ကိုဗုံးခွဲတိုက်ခိုက်
သောတရားခံ ဖမ်းဆီးရမိခြင်း မရှိသေး၍ စုံးစမ်းဆဲဖြစ်ကြောင်းသိရသည်။
ယခုနှစ်မေလအတွင်းက နမ့်ခမ်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ
ပရိယတ္တိစာသင်တိုက်ကျောင်းအနီးတွင် ရဲတပ်ဖွဲ့ကိုချုံခိုတိုက်ခိုက်မှု ဖြစ်ပွား
ခဲ့ပြီးယင်းတိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရရှိ
ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment