Thursday, 6 June 2013

ဓါတ်လှေကားထဲ အတင်းဖက်ပြီး ဒေါ်လာရှစ်ထောင်နီးပါး ယူပြေးသွားတဲ့ မိန်းကလေး

ယူအေအီးနိုင်ငံ Abu Dhabi မြို့တော်ကြီးတွင် နေ့ခင်းတစ်နာရီ လမ်းဖြတ်ကူးမည့် အသက်(၄၈)နှစ်အရွယ် အမျိုးသားအား အာရပ်အမျိုးသမီးလို ဝတ်စားဆင်ယင်ထားသည့် အမျိုးသမီးတစ်ဦးက အာရပ်ဘာသာစကားဖြင့် ဘော့ပင်ငှါးပြီးနောက် လှည့်ဖျားပြီး ဒေါ်လာရှစ်ထောင် (ယူအေအီးငွေ နှစ်သောင်းကိုးထောင်)ကို အလစ်သုတ် ယူသွားခဲ့ကြောင်း သိရသည်။

ထိုအမျိုးသမီးက ၎င်းဟာ အင်္ဂလိပ်လို မတတ်သည့်အတွက် အင်္ဂလိပ်လို ရေးသားထားသော ဖောင်တစ်ခုကို ၎င်း၏မိသားစုအား အိမ်သို့လာရောက် ကူညီဖြည့်ပေးရန် အကူအညီတောင်းခဲ့ရာ ၎င်းနေအိမ်သို့ တက်သွားမည်ဆိုသော ဓါတ်လှေကားထဲအရောက် အတင်းလှမ်းဖက်သဖြင့် အမျိုးသားဟာ ပထမဆုံး ရပ်သော အထပ်တွင် ဓါတ်လှေကားအပြင်ဘက်သို့ ကြောက်လန့်တကြား ထွက်ခဲ့ကြောင်း ၊ နောက်မှ ၎င်း၏ ပိုက်ဆံအိတ် ပျောက်တာ သတိထားမိပြီး ၎င်းထံမှ ထိုအမျိုးသမီး ခါးပိုက်နှိုက်ခဲ့တာဖြစ်ကြောင်း သိခဲ့သည်။
ထိုအဖြစ်အား ရဲကို အကြောင်းကြားခဲ့ပေမယ့် abaya တွင် အမျိုးသမီးတစ်ဦးက ယခုလို ခါးပိုက်ခြင်းခံရသည့်သူ အများအပြားရှိခဲ့ကြောင်းလည်း သိရသည်။
Source : Gulf News

ပုံရိပ်(burmesehearts.com)

No comments:

Post a Comment