Friday, 14 June 2013

ကြက်တစ်ကောင်အား အခြားဂြိုဟ်မှလာသည့် ဂြိုဟ်သားပုံစံပြုလုပ်ကာ အင်တာနက်ပေါ်တင်၍ လိမ်လည်လှည့်ဖြားသူ တရုတ်အမျိုးသားအား ရဲတပ်ဖွဲ့ဖမ်းဆီး

Photo: ကြက်တစ်ကောင်အား အခြားဂြိုဟ်မှလာသည့် ဂြိုဟ်သားပုံစံပြုလုပ်ကာ အင်တာနက်ပေါ်တင်၍ လိမ်လည်လှည့်ဖြားသူ တရုတ်အမျိုးသားအား ရဲတပ်ဖွဲ့ဖမ်းဆီး 
Saturday, June 15, 2013

ကြက်တစ်ကောင်ကို လျှပ်စစ်ဓာတ်ဖြင့် အဆုံးစီရင်၍ အခြားကမ္ဘာဂြိုဟ်မှ လာသော သတ္တဝါပုံစံမျိုးပြုလုပ်ကာ အင်တာနက်ပေါ်တင်ခဲ့သည့် တရုတ်လယ်သမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက်သတင်း တစ်ရပ်တွင် ဇွန် ၁၃ ရက်က ဖော်ပြခဲ့သည်။

လီအမည်ရှိ အဆိုပါ အမျိုးသားသည် ပြည်သူများကို လှည့်စားရန်အတွက် ကြက်အား ဝါယာကြိုးနှင့်ကော်များ အသုံးပြု၍ ဂြိုဟ်သားတစ်ဦးအသွင် ဖန်တီးကာ အင်တာနက်ပေါ်သို့ တင်ခဲ့ သည်ဟု ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့သည် အတုအလိမ်လုပ်ကြံမှုဖြင့် ၄င်းအား ငါးရက်ကြာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment