Friday, 12 July 2013

ကလေးငယ်ကို ကပ်ကြေးဖြင့် အချက် ၉၀ ကျော်ထိုးမှု တရုတ်တွင်ဖြစ်ပွား



ကျန်စု၊ ဇူလိုင် ၁၁

၈ လသား ကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက ကပ်ကြေးဖြင့် အချက် ၉၀ ခန့်ထိုးခဲ့သည့် ဖြစ်ရပ် တရုတ်နိုင်ငံတွင်ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုခရိုရှိ ကလေးမိခင်တစ်ဦးက နို့တိုက်စဉ် ကလေးက သူ့နို့အားကိုက်ခြင်းကြောင့် သားအရင်းဖြစ်သူ ၈လသားကလေးငယ်အား ကပ်ကြေးဖြင့် အချက် ၉၀ ခန့်ထိုးခဲ့ရာ၊ ယင်းသို့ထိုးခဲ့သည့်တို့အနက် မျက်နှာပြင်တွင် အများဆုံးဖြစ်ပြီး ကလေးငယ် ရှောက်ပေါင်မှာ အချက်ပေါင်း ၁၀၀ ထက်မနည်း ချုပ်ခဲ့ရကြောင်းသိရသည်။

ကလေးငယ်၏ မိသားစုမှာ အမှိုက်များကောက်ယူ၍ ပြန်လည်ရောင်းချခြင်းဖြင့် အသက်မွေးရခြင်းဖြစ်ပြီး၊ အမှိုက်ကောက်ရာမှ အိမ်ပြန်ရောက်လာသည့် ဦးလေးဖြစ်သူက သွေးအိုင်ထဲတွင် လဲနေသော ကလေးငယ်အားတွေ့ရခြင်းဖြစ်သည်။

အိမ်နီးနားချင်းများကမူ ကလေးငယ်၏ မိခင်ဖြစ်သူမှာ စိတ်နှံ့လှသူတစ်ဦးမဟုတ်ကြောင်း ဆိုကြသည်။

ref: dailymail

Popular Myanmar News Journal

No comments:

Post a Comment