Monday, 8 July 2013

သူငယ်ချင်းတွေကို ကယ်တင်ခဲ့တဲ့ သူရဲကောင်း






Om
Prakash Yadav ဆိုတဲ့ ကောင်လေးက ခုနှစ်တန်း ကျောင်းသားလေးဖြစ်ပါတယ်.. သူ့အဖေကတော့
Uttar Pradesh လို့ခေါ်တဲ့ သာမန် လယ်သမားလေးတစ်ဦးပါ..။ 

သူဟာ သူ့ သူငယ်ချင်းတွေကို
မီးလောင်နေတဲ့ van ကားထဲကနေ ဆွဲထုတ်ပြီး အသက်ကယ်တင်ခဲ့သူပါ..။

စက်တင်ဘာ
၎၊ ၂၀၁၀ မှာ သူဟာ အခြား ကျောင်းသား ကျောင်းသူတွေနဲ့ အတူ ကျောင်းကားနဲ့
ကျောင်းသွားနေခဲ့တာပါ..။ 

ဒါပေမယ့် ချက်ချင်းပဲ ၀ါယာရှော့ကနေ တစ်ဆင့် ကားဟာ
မီးလောင်ကျွမ်းခဲ့ပါတယ်..။ ကားဆရာက ကားထဲကနေ ခုန်ထွက်ပြီး ထွက်ပြေးသွားခဲ့ပေမယ့်
သူကတော့ ကားတံခါးကိုဖွင့်ပြီး ကားထဲမှ အခြား သူငယ်ချင်းတွေကို ချီပိုးပြီး
ကယ်ဆယ်ခဲ့ပါတယ်.. သူရဲ့ မျက်နှာပြင် လက်မောင်းနဲ့ ကျောမှာ သေရာပါတဲ့ မီးလောင်
ဒဏ်ရာတွေ ရရှိခဲ့ပါတယ်..။

သူဟာ
ကားထဲမှ သူငယ်ချင်း ၈ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်..။ ဒီလုပ်ရပ်ကြောင့် သူဟာ
Sanjay Chopra ဆိုတဲ့ ဆုချီးမြှင့်ချင်းခံခဲ့ရပါတယ်..။ 

အောင်ထွန်းဦး

No comments:

Post a Comment