Monday, 8 July 2013

ထိုင်းရဲစခန်းမီးလောင်သဖြင့် အချုပ်သား လေးဦးသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ကီလို(၂၀)အကွာ Sai Noi တွင်ရှိသည့် ရဲစခန်းဟာ ဇူလိုင်(၇)ရက် မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့သဖြင့် ထိုစခန်း၌ ချုပ်ထားသော အချုပ်သား လေးဦးဟာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အသက်(၂၂)မှ (၄၅)နှစ်အရွယ်အတွင် ရှိကြသော အမျိုးသား
အချုပ်သား လေးဦးသည် စခန်းမီးလောင်စဉ် မီးတောက်မီးလျှံများအကြား ထွက်လာသော မီးခိုးငွေ့များမွှန်၍ သေဆုံးသွားခဲ့တာဖြစ်ကြောင်း သိရသည်။
ထိုရဲစခန်းအတွင်း ယင်းကဲ့သို့ လောင်ကျွမ်းခဲ့သော မီးဟာ လျှပ်စစ်ချို့ယွင်းမှုမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နှင့် သေဆုံးသူ အချုပ်သားများဟာ ပြစ်ဒဏ်ထင်ရှား၍ ချုပ်ထားသူများမဟုတ်ဘဲ သံသရှိသောကြောင့် ချုပ်နှောင်ခြင်း ခံထားရသူများ ဖြစ်ကြောင်းလည်း သိရသည်။
လျှပ်စစ်မီးများ ဖြတ်ထားခဲ့ပြီးနောက် ထိုအချုပ်သားများကို ဝင်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် ကြီးမားသော မီးတောက်များနှင့် မီးခိုးငွေ့များကြောင့် ဝင်မကယ်နိုင်ခဲ့တာဖြစ်ကြောင်း ထိုစခန်းရှိ ရဲမှူး Supakorn Piwon က ဆိုခဲ့သည်။
Source : Straitstimes

ပုံရိပ်(burmesehearts.com)

No comments:

Post a Comment