Friday, 12 July 2013

ခိုင်သင်းကြည်ပြောတဲ့ မေ၀င်းမောင် အကြောင်း


Photo: ခိုင်သင်းကြည်ပြောတဲ့ မေ၀င်းမောင် အကြောင်း
=============================

 ခိုင်သင်းကြည်က အမေရိကကို ဖျော်ဖြေရေးသွားရောက်ခဲ့ စဉ် က မေဝင်းမောင်နဲ့တွေ့ဆုံခဲ့ ပါတယ်။ တစ်ခေတ်တစ်ခါက ပရိသတ် အချစ်တော်ဖြစ်ခဲ့တဲ့ မေဝင်းမောင်နဲ့တွေ့ဆုံမှု အမှတ် တရတွေကို ပြန် လည်ပြောပြတဲ့ ခိုင်သင်းကြည်က "အမေရိကကို သွားတုန်းက မမေဝင်း မောင် နဲ့တွေ့ခဲ့တယ်။ မခိုင်ငယ်ငယ်တုန်းက 'ကြည်ပြာ' ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖူးတယ်။အဲဒီတုန်း ကဆို တအားကိုလှတဲ့ မင်းသမီးပဲ။ အသေအချာအတိအကျတော့ မမှတ်မိတော့ဘူးပေါ့။ အဲဒီ ကားမှာဆိုလည်း ဇာတ်ဆောင်စရိုက်က ပီပြင်လိုက်ဖက်တော့ သတိထားမိခဲ့တာ။ တစ်ခါမှ လည်း အပြင်မှာမမြင်ဖူးဘဲနဲ့ အခုပြန်တွေ့တော့လည်း တအားလှ ပြီး နုနေတုန်းပဲ။ သူ့ကိုလည်း အားကျမိတယ်။သူကကလေးရတာလည်း အသက် ကြီးမှဆိုတော့ မခိုင်ကလေးထက်တောင်သူ့ ကလေး က ငယ်သေးယ်။ 

ဒါပေမဲ့ကလေး နှစ်ယောက် မွေး ထားတာ။ မိခင်တစ်ယောက်အနေနဲ့လည်း ချီးကျူး ပါတယ်။ သူနဲ့ကိုယ်ပထမဆုံး အမှတ်တရဆုံတဲ့ အချိန်မှာ စဉ်းစားမိတာကသူကတော့ ပထမ ဆုံးရိုက်တဲ့ ကားနဲ့အကယ်ဒမီရသွား
တယ်။မခိုင်ကတော့ ကားပေါင်းများစွာ ခုထိ မရသေးဘူးပေါ့။ ဒီလိုလေးတော့ တွေးမိတာရယ်စရာလေးပေါ့။မမေဝင်း မောင်က မြန်မာပြည်ကို အလည် အနေနဲ့ ပြန်လာဖို့ရှိတယ်လို့ပြောတယ်" လို့ ပြောပြခဲ့ပါ တယ်။ခိုင်သင်းကြည်က အမေရိကကို ဖျော်ဖြေရေးသွားရောက်ခဲ့ စဉ် က မေဝင်းမောင်နဲ့တွေ့ဆုံခဲ့ ပါတယ်။ တစ်ခေတ်တစ်ခါက ပရိသတ် အချစ်တော်ဖြစ်ခဲ့တဲ့ မေဝင်းမောင်နဲ့တွေ့ဆုံမှု အမှတ် တရတွေကို ပြန် လည်ပြောပြတဲ့ ခိုင်သင်းကြည်က "အမေရိကကို သွားတုန်းက မမေဝင်း မောင် နဲ့တွေ့ခဲ့တယ်။ မခိုင်ငယ်ငယ်တုန်းက 'ကြည်ပြာ' ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖူးတယ်။အဲဒီတုန်း ကဆို တအားကိုလှတဲ့ မင်းသမီးပဲ။ အသေအချာအတိအကျတော့ မမှတ်မိတော့ဘူးပေါ့။ အဲဒီ ကားမှာဆိုလည်း ဇာတ်ဆောင်စရိုက်က ပီပြင်လိုက်ဖက်တော့ သတိထားမိခဲ့တာ။ တစ်ခါမှ လည်း အပြင်မှာမမြင်ဖူးဘဲနဲ့ အခုပြန်တွေ့တော့လည်း တအားလှ ပြီး နုနေတုန်းပဲ။ သူ့ကိုလည်း အားကျမိတယ်။သူကကလေးရတာလည်း အသက် ကြီးမှဆိုတော့ မခိုင်ကလေးထက်တောင်သူ့ ကလေး က ငယ်သေးယ်။

ဒါပေမဲ့ကလေး နှစ်ယောက် မွေး ထားတာ။ မိခင်တစ်ယောက်အနေနဲ့လည်း ချီးကျူး ပါတယ်။ သူနဲ့ကိုယ်ပထမဆုံး အမှတ်တရဆုံတဲ့ အချိန်မှာ စဉ်းစားမိတာကသူကတော့ ပထမ ဆုံးရိုက်တဲ့ ကားနဲ့အကယ်ဒမီရသွား
တယ်။မခိုင်ကတော့ ကားပေါင်းများစွာ ခုထိ မရသေးဘူးပေါ့။ ဒီလိုလေးတော့ တွေးမိတာရယ်စရာလေးပေါ့။မမေဝင်း မောင်က မြန်မာပြည်ကို အလည် အနေနဲ့ ပြန်လာဖို့ရှိတယ်လို့ပြောတယ်" လို့ ပြောပြခဲ့ပါ တယ်။


popular Journal

No comments:

Post a Comment