Monday, 1 July 2013

မြိတ်မြို့တွင် ၀က်မကြီးမှ ဆင်နှင့်မျောက် သဏ္ဍာန်တူသည့် ၀က် (၂)ကောင်မွေးဖွား

Photo: ◘ မြိတ်မြို့တွင် ၀က်မကြီးမှ ဆင်နှင့်မျောက် သဏ္ဍာန်တူသည့် ၀က် (၂)ကောင်မွေးဖွား ◘

၂၀၁၃ ခုနှစ် ဇွန်လ (၂၉) ရက်နေ့ ညနေ (၃း၄၅) နာရီ အချိန်ခန့်တွင် မြိတ်မြို့ ရေပုန်းနယ်မြေ အောင်ချမ်းသာရပ်ကွက် (၃)လမ်း (ဘုံပျံ-၃)လမ်း နေ ဦးငွေသောင်း + ဒေါ်လေးမြင့်၊ ဦးရဲလင်း + ဒေါ်သန္တာအောင် တို့၏ နေအိမ်၌ မွေးမြူထားသော ၀က်မကြီးမှ ၀က်ကလေး (၉)ကောင် မွေးဖွားရာ မျောက်ပုံစံနှင့် တူသည့် ၀က်ကလေး (၁) ကောင်နှင့် ဆင်ပုံစံနှင့် တူသည့် ၀က်ကလေး (၁) ကောင် ပါဝင်ခဲ့ကြောင်း သိရသည်။

ဆင်ပုံစံနှင့် တူသည့် ၀က်ကလေးမှာ မွေးဖွားပြီး မကြာခင်မှာပင် သေဆုံးသွားခဲ့ပြီး မျောက်ပုံစံနှင့် တူသည့် ၀က်ကလေးမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

Tanintharyi Thar

No comments:

Post a Comment