Thursday, 11 July 2013

ဆီးဂိမ်းသီချင်းများအား ပရိသတ်မှ မဲပေး ရွေးချယ်နိုင်


၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အသုံးပြုမည့် Theme Song သီချင်းများအား ပရိသတ်များမှ မဲပေး ရွေးချယ်နိုင်ကြောင်း အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Theme Song သီချင်းများကို ဇူလိုင် ၇ ရက်မှ စတင်ကာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ

အား/ကာ ဦးစီဌာနများ၌ အခမဲ့ ထုတ်ယူနိုင်ပြီး ဇူလိုင် ၁၅ ရက် နောက်ဆုံးထားရွေးချယ်ပေးပို့ရမည် ဖြစ်သည်။ရွေးချယ်ထားသော Theme Song ၁၀ ပုဒ်မှ မိမိအကြိုက် မိမိ အကြိုက်အနှစ်သက်ဆုံး သီချင်းငါးပုဒ်ကို မဲပေး
ရွေးချယ်နိုင်ပြီး ဒိုင်ကော်မတီမှ ရွေးချယ်ထားသည့် ၅ ပုဒ်နှင့် တူညီခဲ့ပါက ဆုငွေကျပ် ၁၀ သိန်း ရရှိမည် ဖြစ်သည်။

ရန်ကုန်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက “သီချင်း ၁၀ ပုဒ်ပါတဲ့ CD ချပ်နဲ့ သီချင်းစာသား တစ်အုပ်ပါ ထည့် ပေးမှာပါ။ သီချင်းစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာမှာ ကိုယ်ရွေးချယ်မယ့် မဲလက်မှတ်လေးတွေ ထည့်ပေးထားပါတယ်’’ ဟု ပြောကြားခဲ့သည်။

မဇ္ဈိမ

No comments:

Post a Comment