Saturday, 11 January 2014

သိုးသားများ အတွင်းသို့ ရေဆိုးများ ထိုးသွင်းခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်းကို ရဲတပ်ဖွဲ့ ဖမ်းဆီး

Photo: သိုးသားများ အတွင်းသို့ ရေဆိုးများ ထိုးသွင်းခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်းကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ပေကျင်း ဇန်နဝါရီ ၁၁

တရုတ် နိုင်ငံတွင် ငွေကြေး အမြတ်များ ပိုမိုရရှိ စေရန်နှင့် အသားများတွင် အလေးချိန် တိုးစေရန် အတွက် သိုးသားများ အတွင်းသို့ ရေဆိုး ရေညစ်များ ထိုးသွင်းခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်းမှ အဖွဲ့ဝင် ခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့သည် တရားမဝင် ဂိုဒေါင်တစ်ခု အတွင်း၌ နေ့စဉ် သိုးအကောင်ရေ ၁ဝဝ ကျော်ကို သတ်ဖြတ်၍ အသားများ အတွင်းသို့ ဗက်တီးရီးယား ပိုးများ ပါရှိသော ရေဆိုး ခြောက်ကီလို ဂရမ်ခန့်ကို ထိုးသွင်း ခဲ့ကြကြောင်း CCTV သတင်း ဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ၎င်းတို့သည် အဆိုပါ အသားများကို ကွမ်ကျို့၊ ဖူရှန်မြို့များ အပါအဝင် နိုင်ငံ၏ အဓိက မြို့များရှိ စားသောက်ဆိုင်နှင့် ဈေးကွက်များ အတွင်းသို့ ရောင်းချခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ် ရဲတပ်ဖွဲ့သည် ကျန်းမာရေးနှင့် ညီညွတ်ခြင်း မရှိသော အစားအစာ များကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် နိုင်ငံ အတွင်းရှိ ကုမ္ပဏီ များစွာ ကိုလည်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment