Monday, 3 February 2014

ယူကီနဲ့ စပေ့စ် ဒရမ် ဂီတ အနုပညာ


ဂီတကို အခုလို ထူးထူးဆန်းဆန်း ဖန်တီးပြတဲ့ ဂျပန်လူမျိုး Yuki Koshimoto ဟာ Spacedrum လို့ ခေါ်တဲ့ သံဒယ် ( မြန်မာပြည်က ဒယ်အိုးပုံသဏ္ဍန် သံထည်ပစ္စည်း)ကို သုံးပြီး  ဂီတ အနုပညာတခု ကို ဖန်တီးပါ တယ်။



ယူကီနဲ့ သူ့ရဲ့ Spacedrum၊ ဓာတ်ပုံ- ယူကီရဲ့ ဖေ့စ်ဘုတ်
ဂီတဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆေးဝါးတွေထဲက တခုလို့ ဆိုကြတဲ့အတိုင်း ယူကီရဲ့ ဖန်တီးချက် အနုပညာဟာ ဝေဒနာတခုခုကိုတော့ သက်သာ ပျောက်ကင်းသွားမယ် ထင်ပါတယ်။


သူ့ရဲ့ ဖန်တီးမှု၊ ဖျော်ဖြေမှုတွေကို ဂျပန်နိုင်ငံသာမက စင်ကာပူ၊ သြစတြေးလျ စတဲ့ နိုင်ငံတွေမှာ လှည့် လည် ပြသလေ့ရှိပြီး လွန်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်လောက်ကတည်း က သူ့ကို လူ သိများလာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကတော့ ယူကီဟာ ဂျပန်နိုင်ငံကို ပြန်ရောက်လာခဲ့ပြီး သူ့ဇာတိမြို့ကလေး မှာ မနက်ဖြန် နဲ့ သန်ဘက်ခါ မှာကျင်းပမယ့် ဖက်ရှင်ပွဲတခုမှာလည်း သူ့ရဲ့ ဂီတနဲ့ ဖျော်ဖြေဖို့ ရှိတယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် သိရပါတယ်။
  

ဒါက Yuki နဲ့ Taku တို့ ပူးတွဲပြီး လမ်းဘေးတနေရာမှာ လုပ်ခဲ့တဲ့ ဖန်တီးမှု အနုပညာပါ။
အိမ့်သံစဉ် ~ 

No comments:

Post a Comment