Tuesday, 17 June 2014

တောင်အမေရိကမှထူးဆန်းခြေတံရှည်သတ္တဝါ

Photo: တောင်အမေရိကမှထူးဆန်းခြေတံရှည်သတ္တဝါ

ပုံမှာ မြင်တွေ့နေရတဲ့ အကောင်ပါပဲ။ သူက ဝံပုလွေမဟုတ် ပါဘူး။ မြေခွေးလည်း မဟုတ်ပါဘူး။ သမင်လည်း မဟုတ်ပါဘူး။ သမင်နဲ့ ဝံပုလွေ ဆက်ထားတဲ့ အကောင်လည်း မဟုတ်ပါဘူး။

တောင်အမေရိကန်မှာ လွန်ခဲ့သော နှစ်သန်းပေါင်း များစွာ ကတည်းက အသက်ရှင် နေထိုင်နေတဲ့ အကောင်များ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုတ်တရက် မြင်လိုက်ရရင် ဘာကောင်မှန်း မသိအောင်ကို ထူးဆန်း နေမှာပါ။ အကောင်အရေအတွက် နည်းပြီး တောင် အမေရိက တောနက်တွေထဲမှာ နေထိုင်ကျက်စားပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ဝံပုလွေတို့လို Canidae မျိုးစိတ်ဝင်မို့လို ခြေတံရှည် ဝံပုလွေလို့ အမည်မဲ့ခေါ်ပါသေးတယ်။ Maned Wolf လို့ လည်း ခေါ်ဆို ပါတယ်။ Maned Wolf ဟာ ကမ္ဘာဦး တိရစ္ဆာန်များ စာရင်းမှာ ပါဝင်ပြီး ကမ္ဘာ့အရှားပါးဆုံး တိရစ္ဆာန်များ မျိုးစိတ်များထဲမှာ တစ်ခုအဖြစ် မှတ်တမ်း တင်ထားကြောင်း သိရပါတယ်။

credit to ရိုးရာလေး
Admin Zay layပုံမှာ မြင်တွေ့နေရတဲ့ အကောင်ပါပဲ။ သူက ဝံပုလွေမဟုတ် ပါဘူး။ မြေခွေးလည်း မဟုတ်ပါဘူး။ သမင်လည်း မဟုတ်ပါဘူး။ သမင်နဲ့ ဝံပုလွေ ဆက်ထားတဲ့ အကောင်လည်း မဟုတ်ပါဘူး။

တောင်အမေရိကန်မှာ လွန်ခဲ့သော နှစ်သန်းပေါင်း များစွာ ကတည်းက အသက်ရှင် နေထိုင်နေတဲ့ အကောင်များ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုတ်တရက် မြင်လိုက်ရရင် ဘာကောင်မှန်း မသိအောင်ကို ထူးဆန်း နေမှာပါ။ အကောင်အရေအတွက် နည်းပြီး တောင် အမေရိက တောနက်တွေထဲမှာ နေထိုင်ကျက်စားပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ဝံပုလွေတို့လို Canidae မျိုးစိတ်ဝင်မို့လို ခြေတံရှည် ဝံပုလွေလို့ အမည်မဲ့ခေါ်ပါသေးတယ်။ Maned Wolf လို့ လည်း ခေါ်ဆို ပါတယ်။ Maned Wolf ဟာ ကမ္ဘာဦး တိရစ္ဆာန်များ စာရင်းမှာ ပါဝင်ပြီး ကမ္ဘာ့အရှားပါးဆုံး တိရစ္ဆာန်များ မျိုးစိတ်များထဲမှာ တစ်ခုအဖြစ် မှတ်တမ်း တင်ထားကြောင်း သိရပါတယ်။

credit to ရိုးရာလေး
Admin Zay lay

No comments:

Post a Comment