Wednesday, 24 October 2012

အရစ်ကျဖုန်းရောင်းချမှုအား ညွန်ကြားချက်ထက် ပိုတောင်းပါက အရေးယူမည်ဟု ရခိုင်ပြည်နယ်မန်နေဂျာသတိပေး

ရခိုင်ပြည်နယ်တွင် မြို့နယ်အလိုက် GSM ဖုန်းများအား အရစ်ကျရောင်းချခွင့်ပေးထားရာ  ဝန်ဆောင်ခများအား ညွန်ကြားချက် အတိုင်းကောက်ခံရမည်ဖြစ်ရာ ပိုမိုကောက်ခံသည်ကို တွေ့ရှိပါက အရေးယူမည်ဟု  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရခိုင် ပြည်နယ် မန်နေဂျာ ဦးမျိုးသန့်က အသိပေးပြောကြားလိုက်သည်။
 
 မြို့နယ်တစ်ချို့တွင် ဖုန်းကဒ်လျှောက်ရာ၌ သတ်မှတ်ထားသည့် နှုန်းထားထက် ပိုမိုကောက်ခံနေသည်ဟု သတင်းများ ထွက်ပေါ်လာသည့်အပေါ်တွင် ပြည်နယ်မန်နေဂျာ ဦးမျိုးသန့်က ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဖုန်းလျှောက်တဲ့အခါ ညွန်ကြားထားတဲ့ အတိုင်းကောက်ခံတာပါ၊ တကယ်လို့ အပိုကောက်ခံတာတွေ့လို့ရှိရင် အရေးယူမှာ ဖြစ်ပါတယ်” ပြည်နယ်မန်နေဂျာ ဦးမျိုးသန့်ကပြောသည်။

 
 အောက်တိုဘာ၁၁ရက်နေ့မှစ၍ ကျေးလက်ဒေသလူထုများအား GSM ဖုန်းကဒ်ကို အရစ်ကျ ရောင်းချပေးနေရာ   ဝန်ဆောင်မှုကို သတ်မှတ်ထားသည့် အတိုင်းကောက်ခံရန် ညွန်ကြားထားသည်ဟု ဦးမျိုးသန့်က ပြောသည်။
 
  “သတ်မှတ်တဲ့နှုန်းထား ၄ သောင်းပဲ သွင်းရမှာပါ၊ လိုအပ်တဲ့ စာရွက်စာတမ်း လျှောက်လွှာ အားလုံးပေါ့၊ လျှောက်လွှာခတွေတော့ မလိုဘူး၊ ဒါပေမယ့် အင်တာနက်ဖွင့်ရင်တော့ တစ်သောင်းပေးရတယ်“ဟု ပြည်နယ်မန်နေဂျာက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျေးလက်ဒေသလူထုအတွက် အရစ်ကျဖုန်းရောင်းချမှုကို ဒီဇင်ဘာ (၃၁)ရက်နေ့ နောက်ဆုံး ထားမည်ဖြစ်သည်။ လက်ရှိအနေအထားရ  GSMဖုန်းကဒ် အလုံးရေ သုံးသောင်းရောင်ချပေးပြီးပြီဖြစ်ရာ လျာထားသည့် အရေအတွက်မှာ တစ်သိန်း လေးသောင်းရှိကြောင်း သိရသည်။
 
 ယခုအရစ်ကျရောင်းနေသည့်ဖုန်းသည် တခြားနေရာများသို့ ယူဆောင်၍ ပြောဆို အသုံးပြုနိုင်ကြောင်း ဦးမျိုးသန့်က ရှင်းပြသည်။
 
 “တချို့က ပြောကြတယ်၊ ဒီဖုန်းကရခိုင်ပြည်နယ်မှာအတွင်းမှာပဲ သုံးလို့ရတယ်ဆိုပြီးတော့၊ အရစ်ကျသွင်းတဲ့ ဖုန်းတွေဟာ   နေပြည်တော်ယူသွားလို့ မရဘူး၊ရန်ကုန်ယူသွားလို့မရဘူးဆိုပြီးတော့ ပြောကြတာတွေရှိတယ်၊ ဒါတွေမဟုတ်ပါဘူး၊ တစ်ပြည်လုံးပြောလို့ ရတယ်”ဟု ၄င်းက ဆက်ပြောသည်။
 
 လက်ရှိတွင် ကျိ န္တလီမြို့နယ်ခွဲ မှအပ ရခိုင်ပြည်နယ်အနှံ့အပြားတွင် GSM ဖုန်းများ ကို အသုံးပြု၍ရနေပြီဖြစ် ကြောင်းသိရသည်။

ထိုအပြင် ရခိုင်ပြည်နယ်တွင် CDMA ထက် GSM ဖုန်းကဒ်များကို ဝယ်ယူသူများပြားကြောင်းGSM ဖုန်းကဒ်သည် အင်တာနက် အသုံးပြုရာတွင် အဆင်ပြေသည့်အတွက် ဝယ်ယူသူများပြားလာခြင်းဖြစ်သည်။
 

No comments:

Post a Comment