Wednesday, 24 October 2012

ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး ကော့တေးသောက်ခြင်းကြောင့် အစာအိမ် ခွဲထုတ်ခံရ

Gaby Scanlan ဆိုသူ ဆယ်ကျော်သက် အမျိုးသမီးဟာ သူမရဲ့ ၁၈ နှစ်ပြည့် မွေးနေ့မှာ လန်ကက်စတာမှ ဘားကောင်တာ တစ်ခုအတွင်း ကော့တေး အရက်သောက်အပြီး အသက်ရှူရ ခက်ခဲကာ အလွန်အမင်း ဝမ်းဗိုက်နာကျင်တာကြောင့်ဆေးရုံသို့ ပြခဲ့ရာ အစာအိမ် ပေါက်သွားတဲ့ အတွ
က် သူမ အသက်ကို ကယ်တင်ဖို့ အစာအိမ်ကို ခွဲထုတ်လိုက်ရပါတယ်။ သူမသောက်တဲ့ ကော့တေးမှာ နိုက်ထရိုဂျင် အရည်ပါဝင်တာကြောင့်လို့ သိရပါတယ်။ နိုက်ထရိုဂျင် အရည်ဟာ - ၁၉၆ ဒီဂရီ စင်တီဂရိတ်မှာ အငွေ့ပြန်နိုင်တဲ့အတွက် အစာတွေနဲ့ အရည်တွေကို အေးခဲဖို့ အသုံးပြုများပါတယ်။ သူ့ကို ခွက်တွေကို အေးခဲဖို့ ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေကို အေးခဲဖို့ အတွက်သာ အသုံးပြုသင့်ပါတယ်။ နိုက်ထရိုဂျင် အရည်ကို မျိုချမိရင် ဒါမှမဟုတ် ရှူမိရင် ကိုယ်တွင်းအင်္ဂါတွေ ထိခိုက် ပျက်စီးနိုင်ပါတယ်။ မျိုချမိရင် ပါးစပ်၊ လည်ချောင်း ဒါမှမဟုတ် အစာအိမ်တွေရဲ့ အစိတ်အပိုင်း တချို့ အေးခဲနိုင်ပြီး ဆိုးရွားစွာ အအေးလောင်ကျွမ်းမှု (Cold Burn) ဖြစ်နိုင်ပြီး တစ်သျှူးတွေ ပျက်စီးတတ်ပါတယ်။ ဒီအရည်ဟာ အစာအိမ်အတွင်း အမြန် ဆူပွက်နိုင်တာကြောင့် အငွေ့တွေ အမြောက်အမြား ထွက်လာပြီး အစာအိမ် ပေါက်တာလိုမျိုး ပျက်စီးမှုတွေ ဖြစ်တတ်ပါတယ်။ ဒီဘားကောင်တာက နိုက်ထရိုဂျင် အရည်ပါဝင်တဲ့ ကော့တေးကို Pornstar Martini လို့ အမည်ပေးထားပြီး ယခင်လက Facebook ပေါ်တင်ပြီး ကြော်ငြာခဲ့ပါတယ်။ ဒါပေမဲ့ အခုပြဿနာဖြစ်ပြီး နောက်ပိုင်းမှာ နိုက်ထရိုဂျင် အရည်ပါဝင်တဲ့ ကော့တေး အားလုံးကို ရောင်းချခွင့် ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment