အကယ်ဒမီ စိုးသူရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်သူဇာ(အသက် ၇၂နှစ်) ကွယ်လွန်
အကယ်ဒမီ
စိုးသူရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်သူဇာ(အသက် ၇၂နှစ်)သည် ဇန်န၀ါရီ ၁၆ ရက်နေ့
နေ့လည် ၁၂ နာရီခွဲမှာ ရန်ကုန်မြို့ ကမာရွတ် နေအိမ်တွင် ကွယ်လွန်
အနိစ္စရောက်သွားကြောင်း သိရပါတယ်။ “ဈာပနကို မိသားစုစုံသွားအောင် အမေရိက က
လာမယ့် အစ်မ ကို စောင့်ရင်းနဲ့ ၅ ရက်ပြည့်မြောက်တဲ့နေ့မှာ မိခင်ကြီးရဲ့ ဆန္ဒ
အတိုင်း ရေဝေးသုဿန်မှာ ဂူသွင်းသဂြိုဟ်မှာပါ”လို့ စိုးသူကပြောပါတယ်။
ဇန်န၀ါရီ ၂၀ ရက်နေ့ တနင်္ဂနွေနေ့မှာတော့ နေအိမ်မှ ကားများ မနက် ၉ နာရီ မှာ
ထွက်မှာဖြစ်ပြီး ဇန်န၀ါရီ ၂၂ ရက်နေ့ မှာတော့ ရက်လည်ဆွမ်းသွတ်
တရားနာမှာဖြစ်တယ်လို့ သိရပါတယ်။
ခိုင်ဝေလွင်
No comments:
Post a Comment