![]()  | 
ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်ကျေးရွာအုပ်စု 
အမှတ်(၁)ရပ်ကွက်နေဦးစုဝင်း(ခ)
ဦးစုဝေနှင့် ၎င်း၏ ညီတော်သူ ဦးတင်အုန်းတို့ကထိုင်းနိုင်ငံတွင်အလုပ်အကိုင်ရရှိမည်ဟုညောင်လွင့်ကျေးရွာ
နေ
 ရာအိမ်မှူးဟောင်းဦးဇော်မင်းသိန်းထံသို့ ရောက်ရှိပြောဆိုပြီး 
လူငယ်များကိုစုဆောင်းခဲ့ကြောင်း ၊ 
တစ်ဦးလျှင်(၂)သိန်းကျပ်နှုန်းဖြင့်(၁၂)ဦးရရှိခဲ့ကြောင်း၊စုစုပေါင်းငွေ(၂၄)သိန်းကျပ်ကိုဦးဇော်မင်းသိန်းမှလက်
များအဖြစ်(၁)ဦးမြင့်သိန်း(ညောင်ခြေထောက်-၂ ရပ်ကွက်) နှင့်(၂)ဦးသိန်းဟန်(ညောင်လွင့်အုပ်ချုပ်ရေးမှူး
ဟောင်း)တို့မှလက်မှတ်ေ၇းထိုးခဲ့ပြီးဦးစုဝင်း(ခ)ဦးစုဝေသို့ငွေနှင့်အလုပ်လုပ်ကိုင်မည့်သူများကိုလွှဲပြောင်းပေး
ခဲ့ကြောင်းသိရသည်။ 
ထို့နောက်အလုပ်လုပ်ကိုင်မည့်သူများကို 
မြ၀တီမြို့သို့ပို့ဆောင်ခဲ့ပြီးအလုပ်အကိုင်ရရှိရေးအတွက် 
စောင့်ဆိုင်း
ခိုင်းကာ နံနက်၊ည ကြက်ဥတစ်လုံးစီဖြင့်ထမင်း(၂)နပ်ကျွေးကာရက်(၄၉)ရက်ကြာသည်အထိအလုပ်အကိုင်
မရရှိသောကြောင့် 
မိမိတို့၏ဆန္ဒသဘောအရ(၁၂)ဦးစလုံးမှပြန်လာခဲ့ရကြောင်း ၊
ယင်းကိစ္စ နှင့် ပတ်သက်၍
 ဦးဇော်မင်းသိန်း နှင့် ဦးတင်အုန်း ၊ ဦးစုဝင်း(ခ)ဦးစုဝေ တို့အားမိမိတို့၏ 
ငွေများ
အားပြန်လည်ပေးဆောင်ရန် အလုပ်မရရှိသည့်(၁၂)ဦးတို့မှပြောပြရာ 
၎င်းငွေများကိုပြန်မပေးနိုင်ကြောင်း ၊ တိုင်ချင်ရာသို့တိုင်ကြားနိုင်ကြောင်း 
ပြောဆိုလာမှုအပေါ် ၁၈.၁၂.၂၀၁၂ နေ့တွင် ညောင်လွင့်ကျေးရွာမှ 
(၁)
မောင်ဝင်းလှိုင် ၊(၂)မောင်ဇော်နိုင်ဦး ၊ 
(၃)မောင်ဇင်မင်းထွန်း၊(၄)မောင်ရဲဝင်းလတ်၊(၅) 
မောင်ဝင်းကို၊(၆)
မောင်ဝင်းဇော်ဦး၊(၇)မောင်သန့်ဇင်ဦးတို့က 
ညောင်ခြေထောက်ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း ၊ 
ယင်းကိစ္စနှင့် 
ပတ်သက်၍ ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ(၄)ရက်နေ့တွင်ရဲစခန်းက(ပ)၄/၂၀၁၃ 
ပြည်ပအလုပ်အ
ကိုင်ပုဒ်မ(၂၆)ဖြင့် ဒု/ရဲအုပ် မင်းမင်းလတ်မှ တရားလိုပြုကာ 
အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်။
 
မင်းနေနိုင်
မင်းနေနိုင်
The Hot News 

No comments:
Post a Comment