Wednesday, 18 July 2012
ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ သား သရုပ်ဆောင် ပြေဇင် စေ့စပ်ပြီ
ကျွန်တော့်ထက် ကိုးနှစ်လောက်ငယ်တယ်။ သူ့ကို အိမ်ထောင်ဖက်အနေနဲ့ အဓိကရွေးချယ်ဖြစ်တာက တအားချစ်လို့ပါ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလည်း ယူထားကြတယ်။ သူလည်းအလုပ် လုပ်တယ်။ ကျွန်တော် လည်း
အနုပညာအလုပ်လုပ်တယ်။ သူကတော့ အကုန်လုံးကို နားလည်ပေး ပါတယ်'' လို့ပြောပါတယ်။ ''ကျွန်တော့်အတွက် အဓိကလိုအပ်တာက ပျော်ရွှင် မှုပဲ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး ပျော်ရွှင်ဖို့ပဲ။ သစ္စာရှိရှိ ချစ်ကြတာပဲ လုံလောက်ပါပြီ။ ကျွန်တော်လုပ်ရမယ့် အလုပ်နဲ့ ညှိနှိုင်းတိုင် ပင်ဆွေးနွေးလို့လည်း ရမယ်။ အဓိကကျတာက တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့ပဲလိုပါတယ်''လို့ ပြေဇင်ကပြောပါတယ်။
အိမ်ထောင်ကျပြီးရင်လည်း အနုပညာအလုပ်တွေကို ပုံမှန်ဆက်လုပ်ဖြစ်မယ်လို့ ပြောတဲ့ပြေဇင်က ဇာတ် ကားရိုက်ကူးမှုတွေကို အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီး သွားရင်လည်း ပြောင်းလဲမှုရှိသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ပြေဇင့်ကို အိမ်ထောင် ကျပြီးသွားရင် အနုပညာအပြင် အခြားစီးပွားရေးတွေလုပ်ဖို့ အစီအစဉ်ရှိလား လို့မေးတော့ ''အချိန်ကာလ တစ်ခုအရ စီးပွားရေးလုပ်ဖို့တော့ ရှိပါတယ်။ အနုပညာအလုပ်လည်း လုပ်နေမယ်။ တခြားစီးပွားရေးလည်း လုပ်မယ်။ ဒါပေမဲ့ ကျွန်တော်တတ်ကျွမ်းတာက အများကြီးမရှိဘူး။ အနုပညာအလုပ် လောက်ပဲ သိတာ။ ဒီအလုပ်တောင်မှ သိပ်မကျွမ်းကျင်သေးဘူး။ ကိုယ့်ဘက် ကလုပ်နိုင်တဲ့ အပိုင်းလေးတွေပဲလုပ်ဖြစ်မှာပါ။ အိမ်ထောင်ကျတဲ့အခါမှာလည်း တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင် ညှိနှိုင်းပြီးလုပ်မယ်'' လို့ပြောပါတယ်။
သူ့ရဲ့ချစ်သူ ဇူဇင်ထက်ရဲ့မွေးနေ့ကတော့ ဇူလိုင် ၁၆ ရက်နေ့ ဖြစ်တဲ့အတွက် အမှတ်တရလေးဖြစ်အောင် စေ့စပ်ပွဲကို ဇူလိုင် ၁၅ ရက်နေ့မှာ လုပ်ဖြစ် သွားကြောင်းပြောတဲ့ပြေဇင်က''ဇူလိုင် ၁၆ ရက်နေ့က သူ့မွေးနေ့ ဖြစ်တဲ့ အတွက်ကြောင့် စေ့စပ်ပွဲကို သူ့အတွက် အမှတ်တရဖြစ်အောင် ၁၅ ရက်နေ့မှာ ကျင်းပလိုက်တာပါ။ ၁၆ရက်နေ့က တနင်္လာနေ့ဖြစ်လို့ မလုပ်ချင်တာပါ။အဲဒါကြောင့် တနင်္ဂနွေမှာ လုပ်လိုက်တာပါ။'' လို့လည်း အမှတ်တရအနေနဲ့ ပြောပြခဲ့ပါတယ်။
တွယ်တာ
Popular News
No comments:
Post a Comment