Wednesday, 18 July 2012
၆၅ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ (ရုပ်/သံ)သတင်း
၆၅ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းဆိုတဲ့ခေါင်းစဉ်နဲ့ ဒုတိယအကြိမ်မြောက် မသန်စွမ်းသူများအတွက်စာပေဟောပြောပွဲကို ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ ဒို့ရိုးရာစားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရွှေမင်းသားဖောင်ဒေးရှင်းက ကြီးမှူးပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ
စာပေဗဟုသုတများတိုးပွားစေဖို့အတွက် ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ ဒီစာပေဟော ပြောပွဲမှာ လူရွှင်တော်ကိုဇာဂနာက မုဒိတာစကားဆိုခဲ့ပြီး စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)နဲ့ ဆရာ ချစ်ဦးညို တို့က အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်းကို ဟောပြောသွားခဲ့ကြပါတယ်။
ဒီစာပေ ဟောပြောပွဲကို ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဦးမြတ်သူဝင်းအပါအဝင် မသန်စွမ်းသူမိသားစုတွေ ၊ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းဇေယျာ ၊ လူရွှင်တော် ကိုဇာဂနာ နဲ့ ဧည့်ပရိသတ် ၆၀၀ လောက်တက်ရောက် လာခဲ့ကြပါတယ်။

No comments:
Post a Comment