Thursday 16 August 2012

မကွေးမြို့တွင် အမျိုးသမီးများ ဦးဆောင်သော ဖဲဝိုင်း ဖမ်းမိ

မကွေးမြို့နယ် အတွင်း ဖဲရိုက် လောင်းကစား နေသည့် အမျိုး သမီးအဖွဲ့နှင့် အမျိုးသား တစ်ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ သက်သေခံဖဲချပ် များနှင့်အတူ လောင်းကြေးငွေများပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ သည်ဆိုမှု ဩဂုတ်လ ၄ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
အဆိုပါနေ့ ညနေ ၅နာရီ မိနစ် ၃၀အချိန်က မကွေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မြင့်စိုးနှင့်အဖွဲ့သည် နယ်မြေခံ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်အောင် စိုး၏ အဖွဲ့တို့ဖြင့် ပူးပေါင်းပြီး သက်သေများနှင့်အတူ မကွေး မြို့ ဦးကောမင်းရပ်၊ လမ်း(၅)သွယ်ထောင့်ရှိ၊ ရွှေလရောင် စားသောက်ဆိုင် နောက်ဖေးခန်း၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်းသတင်းရရှိပြီးခရိုင်ရဲတပ်ဖွဲ့မှူး၏လောင်း ကစားဝရမ်းအမှတ်၁၈/၁၂ဖြင့်ဝင်ရောက်ရှာဖွေခဲ့ရာအမျိုး သမီးရှစ်ဦးနှင့် အမျိုးသားတစ်ဦး
စုစုပေါင်းကိုးဦးအား အ ဆိုပါအခန်း၌ ဖဲရိုက်လောင်းကစားပြုလုပ်နေစဉ် ဖဲချပ် (၁၀၈)ချပ်၊ ဖဲလောင်းကစား ဆက်စပ်ပစ္စည်းများနှင့် လောင်း ကြေးငွေ စုစုပေါင်း ၁၂၃,၇၅၀ကျပ်တို့အား သိမ်းဆည်းရမိခဲ့ ပြီး မဝင်းပပပါကိုးဦးအား အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ မကွေးမြို့နယ် မြို့မရဲ စခန်းက (ပ)၁၉၅/၁၂လောင်းကစား ပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်ထားကြောင်း သက်ဆိုင် ရာ ရဲစခန်းမှ စုံစမ်းသိရသည်။
စောရန်နိုင်

2 comments:

  1. သြော် ဖြစ်ရလေဗျာ...တော်တော်ဝါသနာကြီးကြတယ်နော်...:-)

    ReplyDelete