Thursday 16 August 2012

LA ဖျော်ဖြေပွဲတွင် နီနီဝင်းရွှေ၏ သမီးလေး ရွှေသုနိုင် ပါဝင် ကပြခဲ့

အမေရိကန်တွင် ဖျော်ဖြေသည့် LA ရင်ခွင် ပွဲသဘင် ဖျော်ဖြေပွဲ တွင် နီနီဝင်းရွှေ၏ အနုပညာ မျိုးဆက်ဖြစ်သော သမီးဖြစ်သူ ရွှေသုနိုင်က တင်မောင်ဆန်းမင်း ဝင်းနှင့်အတူ ပါဝင်ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
သူ့အနေဖြင့် အမေရိကန်သို့ ဖျော်ဖြေရေး အဖြစ်လာရောက်သော အနုပညာရှင်များနှင့် အတူ ပါဝင်ဖျော်ဖြေလေ့ ရှိကြောင်း လည်း သိရသည်။ ”သမီးအူဝဲကတည်းက မနီသီချင်းသွားဆိုရင် လိုက်ရတာ၊ သမီး လေးကို ငယ်ငယ်ကတည်းက ခေါ်သွားတော့ မနီသီချင်း ဆိုတာတွေ့ တွေ့နေရတော့ သမီးက အနုပညာကို ဝါသနာပါတယ်။ စိတ်ဝင်စားတယ်။ သူ့မှာ အနုပညာဗီဇလေး ပါလာတယ်”ဟု သမီးဖြစ်သူ၏ အနုပညာဗီဇနှင့် ပတ်သက်၍ နီနီဝင်းရွှေက ပြောသည်။
LA ရင်ခွင်ပွဲသဘင် အငြိမ့်သဘင် တေးဂီတပွဲကို အမေရိကန်တွင် သြဂုတ် ၁၁ ရက်နေ့က
တင်မောင်ဆန်းမင်းဝင်း၊ ထွန်းထွန်း၊ မိုးမိုး၊ မေကဗျာ တို့နှင့်အတူ ဧည့်သည် အဆိုတော်အဖြစ် နီနီဝင်းရွှေ ပါဝင် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။
မေမွန်မောင်

No comments:

Post a Comment