Sunday, 21 April 2013

ဝါးခယ်မ မြို့နယ်၌ သင်္ကြန် ရေကစား ရာမှ အရိုက် ခံရ၍ သေဆုံး

ဧရာဝတီ တိုင်းဒေသကြီး ၀ါးခယ်မ မြို့နယ် သရွတ်မြိုက် ကျေးရွာ၌ ဧပြီ ၁၆ ရက် မွန်းလွဲ ပိုင်းက သင်္ကြန်ရေ ကစားရာမှ ရန်ဖြစ်ပြီး အရိုက် ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၆ ရက် မွန်းလွဲ ၁ နာရီက ဦးထွန်းထွန်းဦး ၄၀ နှစ် (ဘ) ဦးစိုး ကျေးရွာ အုပ်ချုပ်ရေးမှူး သရွတ်မြိုက် ကျေးရွာ ၀ါးခယ်မမြို့ နေသူသည် နေအိမ်၌ ရှိနေစဉ်  တစ်ရွာ
တည်းနေ ကျော်သီဟနှင့် မောင်မင်းကိုတို့ ရောက်လာပြီး သရွတ်မြိုက် ကျေးရွာ ဦးမောင် မောင်လွင်၏ နေအိမ်ရှေ့ တာလမ်းပေါ်တွင် သရွတ်မြိုက် ကျေးရွာ လူငယ်များနှင့် ကျုံခရာ စနူံးချောင်း ကျေးရွာ လူငယ်များ အရက်သေစာ သောက်စားပြီး သင်္ကြန်ရေ ကစားရာမှ စကားများ ရန်ဖြစ်ရာ သရွတ်မြိုက် ကျေးရွာနေ အောင်သန့်ဇင် ၃၂ နှစ် (ဘ)ဦးကျော်ဝင်းအား ၀ါးတုတ်ဖြင့် အရိုက် ခံရကြောင်း သိရသည်။
ယင်းနောက် အောင်သန့်ဇင်၏ ယာချိုစောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက် ရရှိပြီး ၀ါးခယ်မ ဆေးရုံသို့ တင်ပို့ ကုသစဉ် ဧပြီ ၁၇ ရက် ညနေ ၅ နာရီခွဲက လမ်းသမိုင် ကျေးရွာ အနီး၌ သေဆုံး သွားသဖြင့် ဦးထွန်းထွန်းဦး၏ တိုင်တန်းချက် အရ ၀ါးခယ်မ ရဲစခန်းမှ (ပ)၂၆/ ၁၃ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး တရားခံ များအား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
by-မြဝတီ

No comments:

Post a Comment