Sunday, 21 April 2013

ကားတာယာ အဟောင်းများ လှီးဖြတ်၍ လူသုံးကုန် ပစ္စည်း ပြုလုပ်သူများ အဆင်ပြေနေ

မုံရွာ ဧပြီ ၂၀
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် မုံရွေး- ကြေးမုံ ကျေးရွာတို့တွင် စွန့်ပစ် ကားတာယာ များအား လှီးပြီး ရေပုံး၊ ရေကန်၊ ဖိနပ်အောက်ခံ ဆိုးပြား၊ တာယာဖိနပ်၊ ရေပုံး ကြိုးများ ပြုလုပ်သော လုပ်ငန်းများ လုပ်ကိုင်ကြလျက် မိသားစု ၀င်ငွေများ ရရှိလျက် ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းနှင့် ပတ်သက်ပြီး မုံရွေး ကျေးရွာနေ တာယာလှီး လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်လျက်
ရှိနေသူ တစ်ဦးက ““ကျွန်တော်ကတော့ ဖိနပ်အောက်ခံ ဆိုးပြား လုပ်ငန်း ကို အဓိကထား လုပ်ကိုင်ပါတယ်။ ကုန်ကြမ်း အနေနဲ့ ကားတာယာဟောင်း တစ်ခုကို ငွေကျပ် ၅၅၀၀၊ ချည်ကြိုး ကားတာယာဟောင်း တစ်ခုကို ငွေကျပ် ၅၀၀၀ ပေးရကြောင်း၊ အဆိုပါ တာယာများကို တစ်ခု လှီးဖြတ်ခ ငွေကျပ် ၇၀၀ မှ ၁၂၀၀ အထိ ပေးရကြောင်း၊ ကျွမ်းကျင်တဲ့ တာယာလှီး သမားတစ်ယောက် တစ်ရက်ကို တာယာ ခြောက်လုံးမှ ၁၀ လုံးအထိ ပြီးကြောင်း”” ပြောကြားသည်။
ထိုသို့ ကားတာယာ များနှင့် ပြုလုပ်ထားသော ရေကန်ကြီး တစ်ခုကို ငွေကျပ် ၁၅၀၀၀၊ ရေကန် အလတ် တစ်လုံးကို ငွေကျပ် ၇၅၀၀၊ ရေပုံး တစ်လုံးကို ငွေကျပ် ၁၈၀၀၊ ဖိနပ်အောက်ခံ ဆိုးပြား တစ်စုံကို ငွေကျပ် ၁၆၀ မှ ၁၇၀ နှုန်းများဖြင့် မြို့သို့ သွားရောက် ပေးသွင်းရကြောင်း၊ ဖိနပ်အောက်ခံ ဆိုးပြားများ ကိုတော့ ပခုက္ကူ မြို့ရှိ ဖိနပ်ဆိုင် များသို့ သွင်းပေးရကြောင်း တစ်လကို ဖိနပ်အရန် ၁၅၀၀၀ စာလောက် တင်ပို့ ပေးရကြောင်း သိရသည်။

by-မြဝတီ....

No comments:

Post a Comment