Friday, 26 April 2013

မိုက်ကယ်ဂျက်ဆင်၏ဝိညာဉ်က ငယ်ဘဝနေအိမ်တွင် စွဲကပ်ခြောက်လှန့်နေဟုဆို

Photo: မိုက်ကယ်ဂျက်ဆင်၏ဝိညာဉ်က ငယ်ဘဝနေအိမ်တွင် စွဲကပ်ခြောက်လှန့်နေဟုဆို
FRIDAY, APRIL 26, 2013

အသက်(၅၆)နှစ်ရှိ လာတိုယာဂျက်ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ် အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေဆဲဟု ယုံကြည်လျှက် ရှိသည်။

မိုက်ကယ်ဂျက်ဆင်၏ အစ်မဖြစ်သူက သူမမောင်၏ ဝိညာဉ်သည် ငယ်ဘဝက ဖြတ်သန်းခဲ့သော နေအိမ်တွင် စွဲကပ် ခြောက်လှန့်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၅၆)နှစ်ရှိ လာတိုယာဂျက်ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ် အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေဆဲဟု ယုံကြည်လျှက် ရှိသည်။ မိုက်ကယ်၏ ကလေးများဖြစ်သော ပရင့်စ်၊ ပဲရစ်နှင့် ဘလန့်ကက်တို့သည် မိုက်ကယ်၏ မိခင်ဖြစ်သော ကက်သရင်းဂျက်ဆင်နှင့်အတူ အဆိုပါ နေအိမ်တွင် နေထိုင်ကြသည်။ ကယ်လီဖိုးနီးယားရှိ အန်ဆီနိုမှ နေအိမ်တွင် မိုက်ကယ်၏ အရိပ်အယောင်များကို ထိတွေ့ခံစားရကြောင်း လာတိုယာက ဆိုသည်။

Celebrity Big Brother ကြယ်ပွင့်ဟောင်း လာတိုယာက "ဘာမှာတော့ မမြင်ရဘူး။ ဒါပေမဲ့ သူရှိနေတဲ့ အသိကို ရှင်လည်း ခံစားနိုင်လိမ့်မယ်"ဟု ပြောကြားခဲ့သည်။ လာတိုယာက သူမသည် ဝိညာဉ်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး၏ အကူအညီဖြင့် မိုက်ကယ်ကို ဆက်သွယ်ရန် ကြိုးစားဖူးကြောင်းလည်း ဆိုသည်။ "တကယ်လို့ မိုက်ကယ်က ကျွန်မကို တစ်ခုခု ပြောချင်နေတယ် ဆိုရင်တော့ ကျွန်မ အဲဒါကို သိချင်တယ်"ဟု ဖွင့်ဟခဲ့သည်။ မိုက်ကယ်သည် (၂၀၀၉)ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့က အသက်(၅၀)အရွယ်တွင် ဆေးဝါး လွန်ကျွံမှုဖြင့် လော့စ်အန်ဂျလိစ်တွင် ကွယ်လွန်ခဲ့သည်။ 

Planet.com.mmအသက်(၅၆)နှစ်ရှိ လာတိုယာဂျက်ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ် အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေဆဲဟု ယုံကြည်လျှက် ရှိသည်။

မိုက်ကယ်ဂျက်ဆင်၏ အစ်မဖြစ်သူက သူမမောင်၏ ဝိညာဉ်သည် ငယ်ဘဝက ဖြတ်သန်းခဲ့သော နေအိမ်တွင် စွဲကပ် ခြောက်လှန့်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၅၆)နှစ်ရှိ လာတိုယာဂျက်ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ် အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေဆဲဟု ယုံကြည်လျှက် ရှိသည်။ မိုက်ကယ်၏ ကလေးများဖြစ်သော ပရင့်စ်၊ ပဲရစ်နှင့် ဘလန့်ကက်တို့သည် မိုက်ကယ်၏ မိခင်ဖြစ်သော ကက်သရင်းဂျက်ဆင်နှင့်အတူ အဆိုပါ နေအိမ်တွင် နေထိုင်ကြသည်။ ကယ်လီဖိုးနီးယားရှိ အန်ဆီနိုမှ နေအိမ်တွင် မိုက်ကယ်၏ အရိပ်အယောင်များကို ထိတွေ့ခံစားရကြောင်း လာတိုယာက ဆိုသည်။

Celebrity Big Brother ကြယ်ပွင့်ဟောင်း လာတိုယာက "ဘာမှာတော့ မမြင်ရဘူး။ ဒါပေမဲ့ သူရှိနေတဲ့ အသိကို ရှင်လည်း ခံစားနိုင်လိမ့်မယ်"ဟု ပြောကြားခဲ့သည်။ လာတိုယာက သူမသည် ဝိညာဉ်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး၏ အကူအညီဖြင့် မိုက်ကယ်ကို ဆက်သွယ်ရန် ကြိုးစားဖူးကြောင်းလည်း ဆိုသည်။ "တကယ်လို့ မိုက်ကယ်က ကျွန်မကို တစ်ခုခု ပြောချင်နေတယ် ဆိုရင်တော့ ကျွန်မ အဲဒါကို သိချင်တယ်"ဟု ဖွင့်ဟခဲ့သည်။ မိုက်ကယ်သည် (၂၀၀၉)ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့က အသက်(၅၀)အရွယ်တွင် ဆေးဝါး လွန်ကျွံမှုဖြင့် လော့စ်အန်ဂျလိစ်တွင် ကွယ်လွန်ခဲ့သည်။

Planet.com.mm

No comments:

Post a Comment