Friday, 26 April 2013

မိန်းကလေးက လက်ထပ်ပေါင်းသင်းရန်တောင်းဆိုရာမှ သမီးရည်းစားစုံတွဲစကားများပြီး လူသတ်မှုဖြစ်


ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါစော်ဘီးကျေးရွာအရှေ့ဘက်  သဲတောင်သွားလှည်းလမ်းဘေး တောင်ယာစိုက်ခင်းတစ်ခုအနီး စွယ်တော်ပင်အောက်တွင် ဒဏ် ရာများနှင့် သေဆုံးနေသော အမျိုးသမီးအလောင်းတစ်လောင်း ကို ဧပြီ ၂၁ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်က တွေ့ရှိခဲ့၍ လွိုင်ကော်ရဲစခန်းက (ပ)၃၇/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ
အမှုဖွင့်စုံစမ်းခဲ့သည်။
အမျိုးသမီးမှာ ဦးခေါင်းနှင့် မေးစေ့အောက်လည်ပင်းပတ်လည် တို့တွင် ညိုမည်းဒဏ်ရာများ ရရှိ လျက် ပက်လက်အနေအထား ဖြင့် သေဆုံးနေသည်ကို တွေ့ရ ပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်း ရာ သေဆုံးသူမှာလွိုင်ကော်မြို့ နယ် လောပိတကျေးရွာအုပ်စုနေ မသိမ့်သိမ့်ဝင်း (၁၈)နှစ်ဖြစ် ကြောင်း သိရှိခဲ့ရသည်။ ယင်း နောက်သေဆုံးသူ မသိမ့်သိမ့်ဝင်း နှင့် အိမ်ချင်းကပ်လျက်နေထိုင်ပြီး မသိမ့်သိမ့်ဝင်း၏ ရည်စားဖြစ်သူ ထက်မင်းဦး(၂၁)နှစ်၊ မော်တော် ဆိုင်ကယ်ပြင်အလုပ်လုပ်သူအား အဆိုပါနေ့ ည ၁၀ နာရီအချိန် တွင် ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ မသိမ့်သိမ့်ဝင်းနှင့် ထက်မင်းဦးတို့ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ချိန်း ဆိုတွေ့ဆုံကြစဉ် မသိမ့်သိမ့်ဝင်း က လက်ထပ်ပေါင်းသင်းရန် တောင်းဆိုရာမှ အစပြု၍ စကား များရန်ဖြစ်ပြီး ယင်းအခြေအနေ အထိ ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။




ကြီးမြင့်နိုင်(လွိုင်ကော်)
HOT NEWS WEEKLY JOURNAL

No comments:

Post a Comment